Train to Busan(2016) မြန်မာစာတန်းထိုး HD
သိမ်းထားချင်သူများအတွက်ရော မကြည့်ရသေးသူများအတွက်ပါ ပြင်ဆင်စီစဉ်တင်ဆက်လိုက်တဲ့ Train to Busan ပါ။ HD Quality၊ စာတန်းအတိအကျ ဘာသာပြန်ထားပြီး ပရိသတ်တွေစိတ်မပျက်ရအောင် ကြိုးစားထားပါတယ်။ စာဖိုင်ထွက်ထွက်ချင်း GC ရဲ့ translator အဖွဲ့က ဘာသာပြန်နေခဲ့ပေမယ့် မူရင်းစာဖိုင်ကိုက အမှားအယွင်းများနေတာရယ် တချို့နေရာတွေတော်တော်များများမှာ ဘာမှမပါတာတွေကြောင့် ပရိသတ်ကိုချပြဖို့ အားနာနေခဲ့တာပါ။ ပရိသတ်ကို အမှန်ကန်ဆုံးချပြချင်တဲ့စေတနာနဲ့ အချိန်အနည်းငယ်ယူပြီး ကိုရီးယားဘာသာစကားကျွမ်းကျင်တဲ့ သူငယ်ချင်းအချို့အကူအညီယူကာ မူရင်းအရသာကိုမပျက်စေရအောင် ကြိုးစားတင်ဆက်လိုက်ပါတယ်။ အကောင်းဆုံးဖြစ်စေရမယ်လို့ မကြွေးကြော်ဝံ့ပေမယ့် ကောင်းသထက်ကောင်းအောင် ပရိသတ်အားနဲ့သာ အမြဲကြိုးစားနေမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ အထွေအထူးညွှန်းစရာလိုမှာမဟုတ်ပါဘူး။ လတ်တလောဝင်ငွေစံချိန်တွေချိုးခဲ့တဲ့အပြင် မျက်ရည်မခိုင်သူတွေ စိတ်လှုပ်ရှားလွယ်တတ်သူတွေအတွက်တော့ ဒီကားလေးဟာ အစကတည်းကနေ အဆုံးထိ စိတ်ကျေနပ်မှုကို ပေးစွမ်းမှာပါ။ အိမ်မှာကြည့်ဖို့ပဲဖြစ်ဖြစ်.. မိသားစုကိုပြဖို့ပဲဖြစ်ဖြစ် ပြန်ကြည့်ဖို့ သိမ်းထားလိုတဲ့ပရိသတ်အတွက် အဆင်အပြေဆုံးအရည်အသွေးဖြစ်အောင် ကြိုးစားတင်ဆက်ပေးလိုက်ပါတယ်။
Translated by: Scarlet Phoenix
Encoded by : Eric MK
Watch & Download 1080p HD
Download Small Size

အဆင်ပြေကြပါစေဗျာ
How to Download

Post a Comment