Showing posts with label Funny. Show all posts
Showing posts with label Funny. Show all posts

Ace the Case (2016) မြန်မာစာတန်းထိုး



အိုလီဗီယာဟာ သွက်လက်ချက်ချာပြီး စပ်စုတတ်တဲ့ ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်..။ တစ်ရက်မှာ သူ့အမေဖြစ်သူ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတဲ့အချိန်မှာ အသက် ၁၇ နှစ်အရွယ် အကိုဖြစ်သူ မိုင်းလ်နဲ့ အိမ်မှာ ၂ ယောက်တည်းကျန်ခဲ့ရရှာပါတယ်.။ အိမ်နီးချင်း ကောင်မလေး လူဆိုးတစ်သိုက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံရချိန်မှာ အိုလီဗီယာဟာ မျက်မြင်သက်သေတစ်ယောက်ဖြစ်ခဲ့သောလည်း သူ့ရဲ့ ပြောစကားအရ ပြန်ပေးဆွဲခံရပုံက သိပ်ကို ထူးဆန်းလွန်းနေလို့ ဘယ်သူမှ အယုံအကြည်မရှိကြပါဘူး.။  အိုလီဗိယာဟာ ဘယ်လောက်ပင်ကြိုးစားကြိုးစား သူ့စကားကို ဘယ်သူမှ အလေးအနက်ထားပြီး လက်ခံကြခြင်းမရှိတဲ့အတွက် သူမရဲ့ ခွေးလေး ချာလီကို ခေါ်ဆောင်ပြီး လူဆိုးတွေရဲ့ နောက်ကနေ သဲလွန်စရှာကာ သူမရဲ့ အိမ်နီးချင်းကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်.။ သူမရဲ့ကြိုးစားအားထုတ်မှု့ကို မြင်ပြီး ကူညီဖို့ ကြိုးစားသူကတော့ အူကြောင်ကြောင် မိန်းမစုံထောက် ဒိုတီပဲဖြစ်ပါတယ်.။ သူတို့နှစ်ယောက်ရဲ့ အလွှဲလေးတွေ စွန့်စားခန်းတွေကို ပျော်ရွှင်ကြည်နူးစရာကြည့်ရှု့ကြရမှာပါ..။ မိသားစုနဲ့ အတူအချိန်ဖြုန်းဖို့ထိုက်တန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.။

Review by: Mg Moe Tain
Translate by: Zin Ko Htut
Encode by: Eric Min Khant
Quality 720P HD


အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Fight Back to School II (1992) မြန်မာစာတန်းထိုး


Fight Back to School II (1992) မြန်မာစာတန်းထိုး


စတီဖင်ချောင် ဇာတ်ကားတွေကိုတောင်းဆိုကြလို့ Gold Channel ရဲ့ပရိတ်သတ်ကြီးအတွက် Fight back to school ရဲ့ အဆက်ဖြစ်တဲ့ Fight back to school 2 ကိုတင်ပေးလိုက်ရပါတယ်။

ဒီကားမှာတော့ ပထမကားထဲမှာအမှုကို ရွပ်ရွပ်ချွံချွံဆောင်ရွက်နိုင်ခဲ့လို့ Star Chow နဲ့ ဦးလေး Tat တို့ ၂ယောက် စခန်းမှာ မျက်နှာသာပေးခံရပါတယ်။ ဌာနမှူးအသစ်ကလည်း သူတို့ကို ကြိုက်ရာတောင်းဆိုစေရာမှာ ဦးလေး Tat ရဲ့ နှာဗူးကျမှုကြောင့် Star Chow က မခံချင်ဖြစ်ပြီး လျှောက်ပြောရာမှ Star Chow တစ်ယောက် စခန်းမှာ ပေါက်ကရတွေဖြစ်ကာ နောက်ဆုံး အလုပ်ပါထွက်သွားပါတော့တယ်။ ဒါပေမယ့်လည်း သူမကျေနပ်သေးတဲ့ အမှုတစ်ခုကြောင့် ကိုယ့်စားရိတ်နဲ့ကိုယ် undercover ဝင်လုပ်ရာမှ တရုတ်ပြည်မှာ အကြမ်းဖက်မှုတွေလုပ်တော့မယ့် ရာဇဝတ်ဂိုဏ်းကို နှိမ်နင်းဖို့ဖြစ်လာပါတော့တယ်။
ဒီကားထဲမှာတော့ ဦးလေး Tat သာမပါရင် အူတက်အောင်ရယ်ရမှာ မဟုတ်ပါဘူး။ စတီဖင်ချောင် ထုံးစံအတိုင်း ဦးလေး Tat နဲ့ တွဲကာ ရုပ်ရှင်ချစ်သူတွေကို အမောပြေစေဦးမှာမို့ စတီဖင်ချောင် ပရိတ်သတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

IMDB အနေနဲ့ 6.7/10 ရထားပြီး
Rotten Tomatoes မှာတေ့ 72% ထိ ရရှိထားတဲ့ ဟာသဇာတ်ကားကောင်းဖြစ်ပါတယ်။

Review & Translated by : Hein Htet Linn
Encoded by : Mg Moe Tain




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။