Showing posts with label Adventure. Show all posts
Showing posts with label Adventure. Show all posts

Suicide Squad (2016) မြန်မာစာတန်းထိုး

Suicide Squad (2016) မြန်မာစာတန်းထိုး
Action , Adventure
— Plot —
Superman သေ (ပျောက်ကွယ်) သွားပြီးတဲ့နောက် အမေရိကန်အစိုးရဟာ သူတို့ထက် သာနေတဲ့ အရာတစ်ခုရှိနေရင် နေမထိထိုင်မသာဖြစ်တတ်တဲ့ ထုံးစံအတိုင်း နောက်ထပ် ပေါ်လာမယ့် Superman ဟာ လူကောင်းမဟုတ်ပဲ လူဆိုးတစ်ယောက်ဖြစ်နေခဲ့ရင်၊ Whitehouse အမိုးကို ဆွဲလှန်ပြီး သမ္မတကို ပြန်ပေးဆွဲမယ့်သူဖြစ်နေရင် သူ့ကို ဘယ်သူကတားနိုင်မလဲ ဆိုတဲ့အဖြေကို ရှာနေကြပါတယ်။
.
သူတို့ရဲ့ အဖြေကိုတော့ ဆိုးပေ့ဆိုတဲ့ သဘာဝလွန် လူဆိုးတွေကို ဖမ်းထားတဲ့ blacksite အကျဉ်းထောင်တစ်ခုမှာ သွားတွေ့ပါတယ်။ အဲ့မှာ ဖမ်းမိပြီးသား ဖြစ်နေတဲ့ Deadshot, Harley Quinn, Killer Croc, Diablo, Captain Boomerang, Enchantress အစရှိတဲ့ super villain တွေကို အကျပ်ကိုင် control လုပ်ပြီး taskforce တစ်ခုဖွဲ့ထားဖို့ပါ။ Villain ကို နှိမ်နင်းဖို့အတွက် ထိန်းလို့ရမရမသေချာတဲ့ villain တစ်အုပ်ကို လွှတ်ပေးလိုက်တဲ့အခါမှာတော့……။

— Review —

ပထမဆုံးအနေနဲ့ပြောချင်တာက ဒီကားမှာ အဆိုးဆုံးအပိုင်းက marketing ပါပဲ။ ရုပ်ရှင်ထဲမှာပါတောင်မပါတဲ့ cut တွေ ကို trailer တွေထုတ်တာတွေ၊ Joker ပုံကြီးသုံးပြီး မ hype မနေအောင်လုပ်တာ တွေ၊ ဘာမှမဆိုင်တဲ့ Joker နေရာကနေသရုပ်ဆောင်တဲ့ Jared Leto ဟာ အပြင်မှာပဲ တစ်ကယ်ကြီး Psycho ဖောက်သွားသလိုလို လျှောက်ရေးထားပြီး တစ်ကယ်တန်းကြတော့ Joker က ဇာတ်ရန်နေရာက ပါတာတွေဟာ အဆိုးဆုံးပါပဲ။ ဒီလိုတွေမလုပ်ခဲ့ဘူးဆိုရင် ဒီကားရတဲ့ reaction က အများကြီးပိုကောင်းမယ်လို့ ယုံပါတယ်။
.
ပရိတ်သတ်တွေအနေနဲ့ တစ်ကယ်တန်းသွားကြည့်မယ်ဆိုရင် အဲ့ trailer တွေ Joker တွေကို လုံးဝမေ့ထားပြီး သွားကြည့်ပေးပါ။ အဲ့တာတွေ မဖြစ်ခဲ့ဘူးဆိုရင်၊ Suicide Squad ဟာ ဝိုင်းရေးကြတဲ့ review တွေလောက်မဆိုးပါဘူး။ ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ Review တွေမှာပြောထားတာတွေထက် Suicide Squad ဟာအများကြီးသာပါတယ်။
.
ဇာတ်လမ်းက အပျိုးမှာ တော်တော်ကြီးကိုမြန်တယ်။ Character Introduction အပိုင်းကို Batman vs. Superman တုန်းက ဝိုင်းပြောကြလို့ထင်တယ်။ ဇာတ်လမ်းပျိုး ထားတာက ဝှစ်ခနဲပဲ။ အဲ့လောက်မြန်လွန်းတော့လည်း ဇာတ်လမ်းနဲ့ချိတ်ဆက်မှု ပျက်သွားပြီး ပြချင်တာပြတာကို ကြည့်နေရသလိုကြီးဖြစ်သွားတယ်။ ဒါပေမယ့် Suicide Squad လူစုံသွားပြီး မြို့ထဲစဝင်တဲ့အခန်းကစပြီး တော်တော်ကြည့်လို့ကောင်းသွားပါတယ်။
.
အကြိုက်ဆုံးကိုပြောရရင်တော့ သရုပ်ဆောင်ပါပဲ။ Will Smith နဲ့ Margot Robbie သရုပ်ဆောင်တာ အစအဆုံး အရမ်းကောင်းပါတယ်။ Margot Robbie ရဲ့ acting ကဆိုရင် DC Animation ထဲက Harley Quinn ကိုကြည့်နေရတဲ့အတိုင်းပါပဲ။ ပြီးတော့ Diablo လုပ်တဲ့ Jay Hernandez, Dr. June Moone နေရာက Cara Delevingne တို့ဆိုလည်း အရမ်းမိုက်ပါတယ်။
.
ပြီးတော့ theme ကို light ဖြစ်အောင်လုပ်ထားတာလည်း ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးလေးပေါ့။ တစ်ခါတစ်ခါတော့ original မဖြစ်တဲ့ ဟာသတွေသုံးပြီး တော့ အရမ်းကြီးကြိုးစားထားတယ်။ ဒါပေမယ့် ဒီ ပေါ့ပေါ့ပါးပါး theme နဲ့ အရမ်းကြီး ရှုပ်ရှုပ်ထွေးထွေးဘာမှမပါတဲ့ ဇာတ်လမ်းဟာ Will Smith နဲ့ Margot တို့ သရုပ်ဆောင်မှု နဲ့ သယ်လိုက်တဲ့အခါမှာတော့ ကြည့်ရတာ တော်တော်ပျော်ဖို့ကောင်းသွားတယ်။
.
နောက်တစ်ခုက soundtrack တွေပါ။ တော်တော်ကြီးကို လန်းပါတယ်။ ဒါကတော့ DCEU ရဲ့ရိုးရာဖြစ်သွားမလားပဲ။
.
ပြီးတော့ လူတွေအရမ်းစိတ်ဝင်စားခဲ့တဲ့ Joker။ အမှန်တော့ ဒီကားဟာ Joker ကားမဟုတ်ပါဘူး။ Suicide Squad အကြောင်းပါ။ Joker ရဲ့ဒီကားထဲမှာပါတဲ့ ကဏ္ဍက အပေါ်မှာပြောခဲ့သလို ဇာတ်ရန်ပါ။ ဒါကြောင့်မို့ သောက်သလွဲ ကြော်ငြာ(ညာ) တွေကြောင့် Joker ပါတယ်၊ Batman cameo ပါတယ် ဆိုပြီး တုန်လှုပ်ထိန့်လန့် ဖွယ်ရာ အခန်းတွေမျှော်လင့်ထားမယ်ဆိုရင်တော့ စိတ်ပျက်မိမှာအမှန်ပါပဲ။
ခု ပါခဲ့သမျှကတော့ မဆိုးဘူးလို့ပဲပြောရမယ်ထင်တယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ တော့ Jared Leto ရဲ့သရုပ်ဆောင်ပုံဟာ လိုချင်သလောက် တာမသွားခဲ့တာကို တွေ့ရပါတယ်။
.
Dawn of Justice (DOJ) နဲ့ယှဉ်ရမယ်ဆိုရင်တော့ ပိတ်ကားပေါ်မှာ ချပြချင်တဲ့ ပမာဏ scale ကွာပါတယ်။ DOJ တုန်းက Scale အကြီးကြီး ချပြဖို့ကြိုးစားခဲ့ရာမှာ အပြည့်အဝ မအောင်မြင်ခဲ့ဘူးလို့ပြောနိုင်ပါတယ်။
ခု Suicide Squad မှာတော့ အကုန်လုံးကို ရှင်းရှင်းလေးလုပ်ထားပြီး scale က တော်တော်လေး သေးငယ်သွားပေမယ့် ပိုင်ပိုင်နိုင်နိုင်ချပြသွားနိုင်ခဲ့ပါတယ်။ အမှန်တော့ မြင့်မိုရ်တောင်လောက် မြင့်မားနေတဲ့ hype တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့တာက လွဲပြီး ထူးထူးခြားခြားကြီး စုတ်ပြတ်သတ်နေအောင် အပြစ်ပြောစရာ မရှိပါဘူး။
.
ခုထွက်နေကြတဲ့ review တွေ၊ trailer တွေ၊ hype တွေ ခဏလောက်မေ့ပြီးသွားကြည့်လိုက်ပါ။ Suicide Squad ဟာ DC နဲ့ Warner Bros. တို့ ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကြီး Triumph တစ်ခုမဟုတ်ပေမဲ့လို့ ကြည့်ရတာ တော်တော်လေးအဆင်ပြေပြီး ဖျော်ဖြေမှုအပြည့်အဝပေးနိုင်တဲ့ ကားဆိုတာ သိလိုက်ရမှာပါ။
.
Review Credit to - Admin #Andy (Datshin.com)
Translate by: Fantasy Charming
Encode by: Eric Min Khant
Quality : HDTS






အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Sharkboy and Lavagirl (2005) မြန်မာစာတန်းထိုး



Admin နုစဉ်အခါက အရမ်းကိုကြိုက်ခဲ့တဲ့ ကားလေးပေါ့. အခုထိလိုက်ကြိုက်နေဆဲပါပဲ.Rating အနည်းငယ်ရခဲ့ပေမဲ့လဲ ကြည့်လို့ကောင်းဆဲကားလေးပါ.. ဒီကားလေးက ကောင်လေးတစ်ယောက် အိမ်မက် မက်နေတာလား တကယ်ဖြစ်နေတာလား ဝေခွဲမရဖြစ်စေတဲ့ကားလေးပါ.ကျောင်းမှာအနိုင်ကျင့်ခံရတဲ့ကောင်လေးတစ်ယောက်က သူဖြစ်ချင်တာတွေကို စာအုပ်လေးတစ်အုပ်မှာချရေးထားပါတယ်. သူကျောင်းပြန်တတ်တော့အတန်းကိုဖတ်ပြတဲ့အခါမှာဘယ်သူမှ မယုံကြပါဘူး. ဒါပေမယ့် နောက်တစ်နေ့အိပ်ခါနီးမှာ သူဆုတောင်းလိုက်တော့ ဘယ်လိုတွေဖြစ်လာတယ် ဘာတွေဖြစ်မယ်ဆိုတာကို စောင့်ကြည့်ကြပါစို့...

3.5/10 IMDb
20% Rotten Tomato
Quality : 720P Bluray
Translated by : Ei Ei Aung
Encoded by : Invoker




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Watchmen (2009) မြန်မာစာတန်းထိုး

Imdb Rating : 7.7/10 Iron Man ,Avenger အစရှိတဲ့ Superhero ရုပ်ရှင်တွေမပေါ်ခင်က Epic အဖြစ်ဆုံး Superhero ရုပ်ရှင်တစ်ကားကို ဖေါ်ပြပါဆိုရင် 2009 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Watch Man ရုပ်ရှင်ကိုပဲ ညွန်းဆိုပေးရမှာပါ.။ ရိုက်ချက်အိုက်စား ဇာတ်လမ်းအမိုက်စားတွေအပြင် Effect တွေကလဲ ပီပြင်လွန်းပြီး ရုပ်ရှင်ဝေဖန်သူတွေရဲ့ ကြားမှာ ကောင်းချီးပေးခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို Director Zack Snyder ကိုယ်တိုင် ဂုဏ်ယူခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Batman Vs Superman (2016) ရုပ်ရှင်မှာတောင် Easter Egg အနေနဲ့ Watch Man ရုပ်ရှင်ရဲ့ Poster ကိုထည့်သွင်းဖော်ပြခဲ့တဲ့ အထိ Zack Snyder အတွက်အမှတ်တရ ဂုဏ်ယူခဲ့ရတဲ့ကားတစ်ကားပါ.။ ဇာတ်လမ်းကတော့ 1985 ခုနှစ်မှာ အနားယူနေပြီဖြစ်တဲ့ Superhero တွေကို တစ်ယောက်ပြီး တစ်ယောက်အကွက်ကျကျလိုက်လံသတ်ဖြတ်နေတဲ့ လူသတ်သမားကို ရှာဖွေဖော်ထုတ်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ခံရသူ Vicitim တွေက သာမန်လူသားတွေမဟုတ်ပဲ Superhero တွေကိုယ်တိုင်ဖြစ်တာကြောင့် ဇာတ်ကိုပိုပြီး ကြွတက်လာစေပါတယ်.။ ပစ်မှတ်ထားပြီး လိုက်လံသတ်ဖြတ်ခံနေရတဲ့ Superhero တွေအနေနဲ့ ပုန်းကွယ်ရှောင်ရှားရင်း ဆိုးရွားကောက်ကျစ်လှတဲ့ ရန်သူကို ဘယ်လိုပြန်နှိမ်နင်းမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှု့ ခံစားရမှာဖြစ်ပါတယ်။ Superhero မကြိုက်သူတွေအနေနဲ့တောင် ဒီဇာတ်ကားကို ကြည့်ရှု့မိပြီး Superhero လောကကို စိတ်ဝင်စားလာစေမှာပါ...။ ရုပ်ရှင်ချစ်သူတို့ ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ.။ 

Reveiw by: Mg Moe Tain
Translated by : Pyi Phyoe Zaw
Encoded by : Invoker



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Synopsis of Moon Lovers: Scarlet Heart Ryeo (2016) မြန်မာစာတန်းထိုး


ကဲလာပါပြီဗျာ..အားလုံးစောင့်မျှော်နေကြတဲ့ နောက်တစ်မွန်း :3  Moon Lovers: Scarlet Heart Ryeo
ဖြစ်ပါတယ်.ဒီဇာတ်လမ်းအကြောင်းကိုမညွှန်းခင်မှာ ထုံးစံအတိုင်း အချက်အလက်လေးတွေနဲ့ တင်ပြပါ
ဦးမယ်..တကယ်တော့ ဒီဇာတ်လမ်းဟာ တရုတ်ဝတ္တုတစ်ခုဖြစ်တဲ့ Tong Hua ရေးသားခဲ့တဲ့ စာအုပ်
Bu Bu Jing Xin ကိုပြန်လည်ရိုက်ကူးခြင်းသာဖြစ်ပါတယ်..တရုတ်ပြည်ကလည်း Scarlet Heart ဆိုတဲ့
ဇာတ်လမ်းတွဲဟာ 2011 မှာတုန်းက ပြသခဲ့ပြီးဖြစ်ပါတယ်..ဒါဟာ Korea Version ပါ..
ပြည်တွင်းပြည်ပမှာ ဒီဇာတ်လမ်းတွဲဟာ အတော်ရေပန်းစားနေပါတယ်.SBS ရုပ်သံ
ကနေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၂၁ ပိုင်းထုတ်လွှင့်မှာပါ..ဇာတ်သိမ်းပိုင်းကို နိုဝင်ဘာ 1 ရက်နေ့မှာ
နောက်ဆုံးပြသမှာပဲဖြစ်ပါတယ် ဒါရိုက်တာကတော့ Kim Kyu-Tae ဖြစ်ပြီး အဓိကသရုပ်ဆောင်အနေ
နဲ့ K ဆိုပြီး မြန်မာပရိတ်သတ်တွေကြားမှာနာမည်ကြီးခဲ့တဲ့ မင်း သား Lee Joon-Gi နဲ့အတူ
မင်းသမီးအနေနဲ့ အဆိုတော်မလေး IU ခေါ် Lee Ji-Eun က သရုပ်ဆောင်ထားပါတယ်…

ဇာတ်လမ်းအညွှန်း
ဟဲဆိုးဟာလက်ရှိမျက်မှောက်ခေတ် မှာရှိတဲ့မိန်းကလေးတစ်ဦးပါ..ချစ်သူနဲ့သူငယ်ချင်းတို့
သစ္စာဖောက်မှုကြောင့်ဝမ်းနည်းနေပြီးရေကန်လေးဘေးမှာသောက်ပြီးငိုနေတဲ့အချိန် ရေကန်
ထဲမှာ ကလေးတစ်ဦးရေနစ်တာကိုတွေ့တဲ့အတွက်ဆင်းပြီးဆယ်လိုက်ပါတယ်..အဲ့အချိန်မှာ
နေကြတ်ခြင်းဖြစ်ပေါ်လာခဲ့လို့ ထူးခြားဆန်းကြယ်စွာနဲ့ပဲ အချိန်ခရီးသွားသလိုနဲ့
ဂိုဂူလျောခေတ်အချိန်အခါကိုပြန်ရောက်သွားပါတယ်..ရောက်သွားတဲ့အချိန်ကလည်း
တိုက်ဆိုင်စွာမင်းသားတွေရေချိုးနေတဲ့အချိန် ရေကန်ထဲကိုရောက်သွားလို့ ထွက်ပြေးခဲ့
ရပါတယ်.ဂိုဂူလျောနဲ့ ၂၁ ရာစုက ကွာခြားတဲ့လူနေမှုစရိုက်တွေ..မင်းသားတွေကြားထဲက
ပြသနာတွေ..ထီးနန်းအရှုပ်တော်ပုံတွေ..ကြားမှာ ဟေဆိုးတစ်ယောက်ဘယ်လိုတွေရှေ့
ဆက်မလဲ..အချစ်စစ်ကိုရောဘယ်လိုရှာတွေ့မှာလဲဆိုတာဆက်လက်ကြည့်လိုက်ပါဦးနော်
ဒီဇာတ်ကားဟာ အခုလောလောဆယ်မှာတော့ Moonlight Drawn By Clouds နဲ့အပြိုင်
တစ်ရက်တည်းထွက်တာမို့ အတတ်နိုင်ဆုံးတော့အမြန်ဆုံး Update သွားပါမယ်ဖြစ်ကြောင်း
ပြောကြားလိုပါတယ်

Download Link

Episode 1
Filesize ( 300 MB ) – Pcloud Link |

Episode 2
Filesize ( 300 MB ) – Pcloud Link |

Episode 3
Filesize ( 300 MB ) – Pcloud Link | Filesize ( 300 MB ) – Direct Link  |

Episode 4
Filesize ( 300 MB ) – Pcloud Link | Filesize ( 300 MB ) – Direct Link  |

Episode 5
Filesize ( 300 MB ) – Pcloud Link |

Episode 6
Filesize ( 300 MB ) – Pcloud Link |

Episode 7
Filesize ( 300 MB ) – Pcloud Link | Filesize ( 300 MB ) – Mp4 Upload |

Episode 8
Filesize ( 300 MB ) – Pcloud Link | Filesize ( 300 MB ) – Direct Link  |

Episode 9
Filesize ( 300 MB ) – Pcloud Link |
Credit>>Channel Myanmar