Showing posts with label Cartoon. Show all posts
Showing posts with label Cartoon. Show all posts

One Piece မြန်မာစာတန်းထိုး



One Piece  မြန်မာစာတန်းထိုး

(753+754+755)

ပင်​လယ်​ဓားပြဘုရင်​ကြီးGold Rogerရဲ့ One pieceရတနာကို သေခါနီးမှာ
ချန်​ရစ်​ခဲ့တယ်​ဆိုတဲ့သတင်း​ကြောင့်​ လူ​တော်​​တော်​များများပင်​လယ်​ထဲ
မှာ One Piece အရှာထွက်​ကုန်​ကြပါတယ်​..။ ကောက်​ရိုးဦးထုပ်​လို့
လူသိများတဲ့Luffyဟာလည်း အိပ်​မက်​ကိုယ်​စီရှိတဲ့ အဖွဲ့ဝင်​၈​ယောက်​ကိုစုစည်းပြီး
ကမ္ဘာသစ်​မှာစွန့်​စားခန်း​တွေကိုရင်​ဆိုင်​​နေပါ​တော့တယ်​..။

One pieceကားတွန်​ဟာ စထွက်​ခဲ့တဲ့အချိန်​ကစပြီး
ခုချိန်​ထိလူကြိုက်​အများဆုံးဂျပန်​ကာတွန်းဆယ်​ကားထဲမှာ
ထိပ်​ဆုံးက​နေ အမြဲရပ်​တည်​လျှက်​ရှိပါတယ်​..။
One pieceကာတွန်းဟာ အရာရာကိုမဆုတ်​မနစ်​ကြိုးစားချင်​တဲ့စိတ်​၊
အချင်းချင်းစည်းစည်းလုံးလုံးနဲ့ကိစ္စ​တွေကိုဖျက်​​ကျော်​လိုတဲ့စိတ်​ဓာတ်​​တွေ၊
 ခွန်​အား​တွေ​ပေးနိုင်​တာအမှန်​ပါ One piece ဖန်​တီးသူEiichiro Odaဟာ
စဖန်​တီးတုန်းကအပိုင်း၁၀၀​လောက်​ပဲ​ရေးဆွဲမယ်​လို့ရည်​ရွယ်​ခဲ့​ပေမယ့်
 မထင်​မှတ်​ပဲလူကြိုက်​များ​အောင်​မြင်​မှုရခဲ့တာ​ကြောင့်​ စထွက်​တဲ့အချိန်​ကစပြီး
ခုချိန်​အထိ နှစ်​​ပေါင်း၁၉နှစ်​အတွင်း ​အပိုင်း၇၀၀​ကျော်​အထိထွက်​ရှိခဲ့ပါပြီ
Eiichiro Odaကိုယ်​တိုင်​ကလည်း ဇာတ်​သိမ်းပိုင်း​ရောက်​ဖို့​နောက်​ထပ်​သုံးပုံတစ်​ပုံကျန်​​သေးတယ်
လို့ဝန်​ခံထားပါတယ်​..။
ကျ​နော်​တို့Fan​တွေကိုယ်​တိုင်​လည်းဇာတ်​လမ်းအဆုံးကို သိချင်​​ပေမယ့်​ one piece
ဇာတ်​လမ်းဆုံးသွားမှာကိုလည်းစိုးရိမ်​မိတာအမှန်​ပဲဒါ​ပေမယ့်​ Eiichiro Odaရဲ့
ကျန်းမာ​ရေးဟာတဖြည်းဖြည်းချွတ်​ယွင်းလာတာ​ကြောင့်​ one pieceဇာတ်​လမ်းလည်း
မကြာခင်​ပြီးဆုံး​တော့မယ်​လို့​ကောလဟာလ​တွေထွက်​​နေပါတယ်​..။
ဇာတ်​လမ်းပြီးဆုံးသွားရင်​​တောင်​ One Pieceကားတွန်းကား​လေးကိုကျ​နော်​တို့​တွေအမှတ်​ရပြီး
ကျန်​​နေခဲ့မယ်​ဆိုတာအ​သေအချာပါပဲ ..။ အခုတော့ Wano Kingdmom Arc ရဲ့ အစပိုင်းဖြစ်တဲ့

Episode 753 ကနေစပြီး တင်ဆက်ပေးလိုက်ရပါတယ်.။ အပတ်စဉ် Update လုပ်ပေးသွားမှာလဲဖြစ်ပါတယ်.။


Translate & Encode by: Dr.Nyan


You might also like:

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Empire of Corpses (2015) မြန်မာစာတန်းထိုး

Empire of Corpses (2015) မြန်မာစာတန်းထိုး


မင်္ဂလာပါ Myanmar Channel9 ပရိသတ်ကြီးအတွက် အာရုံအပြောင်းအလဲလေး ဖြစ်သွားအောင်.. Japan Anime ပရိသတ်တွေအတွက်လဲ collect လုပ်စရာ
တစ်ခုတိုးအောင် Imdb 6.2 နဲ့ Myanimelist.net က 7.0 ပေးထားတဲ့ ကားကောင်းလေးတစ်ကားကို Admin team မှ ရှာဖွေ ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။

Dr. Victor Frankenstein ဆိုရင် ရုပ်ရှင်ချစ်သူတွေနဲ့ အတော်ကြီးကို ရင်းနှီးနေကြမှာပါ Victor မရှိတဲ့တော့နောက် ပျောက်ကွယ်သွားခဲ့တဲ့ သူ့ရဲ့ ဖန်တီးမှု The One ဆိုတဲ့ Creature ကြီး ဘယ်ရောက်သွားသလဲဆိုတာကို...  ဇါတ်လမ်းရေးသားသူက ဒီထဲမှာဆက်လက်ကွန့်မြူးပြီး အဖြေထုတ်ပြထားတာကို ရှုစားရပါလိမ့်မယ်။

ဇာတ်လမ်းရဲ့ အစမှာ
Frankenstein နဲ့ အတူ ကွယ်ပျောက်သွားတဲ့ Victor ရဲ့ နည်းပညာအကြောင်း
၁၈၀၀ လွန်နှစ်များမှာ... တိုးတက်ထွန်းကားလာတဲ့ သက်မဲ့ကျွန်တွေအကြောင်း နဲ့  အစပျိုးထားပြီး.. Watson နဲ့ Friday ဆိုတဲ့ ဆေးကျောင်းသား သူငယ်ချင်းနှစ်ယောက်. နည်းပညာနောက်ကို အရူးအမူးလိုက်ခဲ့ကြရင်းက... Friday ဟာ သူ့အသက်ကို စတေးလိုက်ရပါတော့တယ်။ Watson ဟာ Frankstein ထားရစ်ခဲ့တဲ့ မှတ်တမ်းနောက် လိုက်ရင်း.. Hadaly ဆိုတဲ့ အမေရိကန် စပိုင်မလေးနဲ့ ဆုံဆည်းခဲ့ပြန်ပါတယ်၊ တစ်ဖက်မှာ  frankenstein ရဲ့ The One ဆိုတဲ့ creature ကြီး ကလဲ တကျော့ ပြန်လည်နိုးထလာတဲ့အခါ....
Friday ကို ပေးခဲ့တဲ့ ကတိတွေ သံယောဇဉ်တွေနဲ့ Watson တစ်ယောက်
သူငယ်ချင်းကို ပြန်ကယ်တင်နိုင်မှာလား၊ အမေရိကန် အစိုးရ နဲ့ ဗြိတိသျှ  ရုရှ
သုံးပွင့်ဆိုင် နိုင်ငံရေးတွေကြားထဲမှာ Watson က ဘယ်နေရာက ပါဝင်လာမလဲ
The One က လူဆိုးလား လူကောင်းလား.. ဆိုတာ  GC ပရိတ်သတ်ကြီး
ရင်တမမ နဲ့ ရှုစားကြရမှာပါ။ 

တစ်ခုလောက် စကားလက်ဆောင်ပါးချင်တာက ဇါတ်ကားလေးရဲ့ အဆုံးမှာ
ကျွန်တော်တို့ ရဲ့ ချစ်လှစွာသော မိတ်ဆွေကြီး ရှားလော့ဟုမ်း နဲ့
ဒေါက်တာဝပ်ဆန် ကို တွေ့ရပါလိမ့်ဦးမယ် ပရိသတ်ကြီးခင်ဗျ၊

( ရွှင်လန်းချမ်းမြေ့ကြပါစေ)
Review & Translate by: Geminin Sugar
Encode by: Hein Min Htet
Quality -720P HD Bluray -Rip

Watch & Download 655MB 

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Scooby-Doo! And WWE: Curse of the Speed Demo


စကူဘီ ဒူး ချစ်သူများအတွက် ၂၀၁၆ ထွက် အသစ်ကို တင်ပေးထားပါတယ်။ IMDb 5.8 နဲ့ပါ။ စကူဘီ ဒူး အဖွဲကို WWE ကာရိုက်တာ Undertaker, Triple H တို့ နဲ့ တွဲဖက်ပေးထားပြီး လျို့ဝှက်ဆန်းကြယ် အမှုတစ်ခုကို ဖြေရှင်းကြတဲ့ အကြောင်းပါ။ အားပေးကြပါဦး။
File size…(750MB)
Quality…BR-Rip 720p
Format…mp4
Duration….01:20:56
Subtitle….Myanmar Subtitle (Hardsub)

Encoder….Thanhtike Zaw
အဆင်ပြေကြပါစေဗျာ


How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။