Showing posts with label Drama. Show all posts
Showing posts with label Drama. Show all posts
The Myth ( 2005 ) မြန်မာစာတန်းထိုး
2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးတင်ဆက်
ထားပြီးတော့ နာမည်ကြီးမင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)
က အတူတွဲဖက်ရိုက်ကူးထားပါတယ်..ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ အတိတ်ဘ၀နဲ့လူဝင်စား
ဘ၀ရဲ့ ဆက်နွယ်မှုတွေကိုအဓိကရိုက်ကူးတင်ဆက်ထားပါတယ်..သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့
ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့ မင်းသမီးလေးတစ်ယောက်
အကြောင်းကိုအမြဲတမ်းအိမ်မက်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်..ဒီအိမ်မက်တွေ
ထူးဆန်းလွန်းနေပေမယ့် ဒီအတိုင်းသာထားခဲ့ပြီး ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ၀ီလျှံရောက်ရှိလာမှပဲ
လုပ်ငန်းတွေအကောင်အထည်ဖေါ်ဖြစ်ခဲ့ပါတယ်..ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့
တိုက်ဆိုင်မှုတွေထူးဆန်းမှုတွေကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်..
ဂျက်တစ်ယောက်နောက်ဆုံးမှာအဖြေကို ဘယ်လိုရှာတွေ့သွားမလဲ
လောဘကြီးတဲ့ ဂျက်ရဲ့သူငယ်ချင်း ၀ီလျှံ ကြောင့်ဘာတွေဖြစ်လာမလဲ
အတိတ်ဘ၀နဲ့ လက်ရှိဘ၀ ဆက်နွယ်မှုတွေ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်း
တစ်ကောင်းကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်..ဒီဇာတ်ကားက IMDB မှာ Rating : 6.1/10 သာ
ရရှိထားပေးမယ့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကောင်းသာဖြစ်ပါတယ်…
မြန်မာစာတန်းထိုးကိုတော့  ကျွန်တော်ကိုယ်တိုင် ဘာသာပြန်ထားပြီး
နောက်ထပ် ဇာတ်ကားကောင်းကောင်းလေးအဟောင်းလေးတွေ ထပ်ပြီးတင်ဆက်ပေးဦးမယ်
ဆိုတာကိုလည်း ကြိုပြီး ကြော်ငြာဝင်ထားပါရစေ 🙂 🙂File size…1.01GB
Quality….720P
Format…mp4
Duration….02:00:42
Subtitle….Myanmar Subtitle (Hardsub)
Movie Download Link
How to Download
ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်
Alice boy from wonderland (2015) မြန်မာစာတန်းထိုး
Alice boy from wonderland (2015) မြန်မာစာတန်းထိုး
Romance ဆန်ဆန်ရိုက်ကူးထားပြီး ပုံပြင်ဆန်ဆန်ဇာတ်လမ်းသွား စိတ်ကူးဆန်းဆန်းနဲ့တင်ဆက်ထားတဲ့ Alice boy from wonderland ရုပ်ရှင်မှာ ဟေးဂျောင်းဆိုတဲ့ ကောင်မလေး သူ့ အသက် ၄ နှစ်ရဲ့ရှေ့ပိုင်းကို ဘာမှမမှတ်မိတော့ပါဘူး။ ဒီလိုအတိတ်မေ့ဝေဒနာခံစားနေရတဲ့သူမဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်ရာကနေ သူမရလာတဲ့အမြင်တွေအရ နတ်ဆရာတစ်ဦးကိုအကူအညီတောင်းပြီး woderland အမည်ရတဲ့ ကျေးရွာကလေးကိုသွားရောက်ခဲ့ပါတယ်။ ထူးခြားတဲ့ဖြစ်ရပ်တွေ၊ စိတ်ကူးယဉ်ဆန်တဲ့ ဘဝတွေစောင့်ကြိုနေတဲ့ အဲဒီရွာကလေးဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က သူ့မိဘတွေနေထိုင်ခဲ့တဲ့ရွာကလေးလည်းဖြစ်ပါတယ်။ အဲဒီမှာ သူဘယ်သူ့ကိုတွေ့မလဲ၊ သူ့ဘဝနောက်ကြောင်းမှာ မြှုပ်ကွယ်ထားတဲ့အရာတွေဟာ ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့မြင်လာရမှာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် gold channel ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Review by: Scarlet Phoenix
Translate by: Zin Ko Htut
Encode by: Sinn Sinn
အဆင်ပြေကြပါစေဗျာ
How to Download
ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Swiss Army Man (2016) မြန်မာစာတန်းထိုး
Swiss Army Man (2016) မြန်မာစာတန်းထိုး
ထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Daniel
Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းအကျဉ်းမှာလူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘ၀ကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘ၀ဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က Manny ခန္ဓာကိုယ်ဖြင့်နောက်တစ်ကြိမ်ပင်လယ်ကိုဖြတ်ကာယခင်သူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ကျွန်းသို့ပြန်လည်သွားရောက်ခဲ့ကြသည်။ရဲများ ၊ Sarah တို့မိသားစု နှင့် Hank ၏ဖခင်ဖြစ်သူကထိုကျွန်းသိုလိုက်သွားသောအခါ Manny ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းကာလေလည်အပြင်းအထန်လည်နေသောကြောင့်ပင်လယ်ထဲသို့သူလာရာအတိုင်းပြန်လွှတ်ခဲ့ရသည်။ဒီဇာတ်ကားထဲရှိစတန့်ခန်းအချို့ကို Daniel ကလူစားမထိုးပဲသူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်။စိတ်ကူးယဉ်စိတ္တဇဆန်ဆန်ဇာတ်လမ်းများကိုကြိုက်သူများအဖို့ကတော့လုံးဝအကြိုက်တွေ့စေမည့်ရုပ်ရှင်ဇာတ်ကားပဲဖြစ်သည်။
Review Credit to-Sasha Entertainment
Translate by: Cho Thinzar Soe
Encode by: Invoker
Quality 720P HDTV
အဆင်ပြေကြပါစေဗျာ
How to Download
ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
House Full 3 (2016) မြန်မာစာတန်းထိုး
IMDB 5.6 ရထား​ပေးမယ့်​ တကယ်​​ကောင်းတဲ့ ဇာတ်​ကား​လေးပါ... လူကြိုက်​​တော်​​တော်​များတဲ့ ဇာတ်​ကား​လေးလဲဖြစ်​ပါတယ်​.... ဟာသကို အဓိကဦးစား​ပေး ရိုက်​ကူးထားတဲ့ ဇာတ်​ကား​လေးလဲ ဖြစ်​ပါတယ်​.....နာမည်​ကြီးသရုပ်​​ဆောင်​ ရုပ်​ရှင်​ မင်းသားနှင့်​ မင်းသမီး​တွေနဲ့ ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​...ပ​ထွေးဖြစ်​သူက သူ့ရဲ့သမီးဖြစ်​သူ​တွေကို လက်​မထပ်​​ပေးချင်​ခဲ့ဘူး...​စည်းစိမ်​ကိုမတ်​ခဲ့တဲ့ ကောင်​​လေးသုံး​ယောက်​ရဲ့ကြိုးစားမှု​ကြောင့်​ အ​ဖေအရင်းဖြစ်​သူ​နှင့်​ အ​ဖြေမှန်​ကို ရှာ​တွေ့နိုင်​ခဲ့တယ်​....ဖ​ထွေးကဘာလို့လက်​မထပ်​​ပေးချင်​တာလဲ.... အ​ဖေအရင်းဘာဖြစ်​လို့ သူ့သမီး​တွေကိုဆွန့်​ပစ်​ခဲ့လဲဆိုတာကို ဆက်​လက်​ရှုစားကြပါဦးခင်​ဗျား... ​ကျေးဇူးတင်​ပါတယ်
Translated by : Paing Soe Hein
Encoded by : Invoker
Quality : HDCAM version
အဆင်ပြေကြပါစေဗျာ
How to Download
ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Saala Khadoos (2016) မြန်မာစာတန်းထိုး
Saala Khadoos (2016) မြန်မာစာတန်းထိုး
 Imdb Rating 7.9/10
   " မဖြစ်နိုင်ဘူး........."  အဲ့ဒီ့ စကားက လူတွေအများစုအတွက် ဘ၀ကို ခတ်ထားတဲ့ ဘောင်အနားသတ်တွေပါ.။ အဲ့ဒီအတွေးမျိုး ၀င်သွားခဲ့ပြီဆိုတာနဲ့ ပြင်းပြတဲ့စိတ်ခံစားမှု့နဲ့ ကြိုးစားမှု့မျိုးမရျိနိုင်တော့ပဲ လူတစ်ယောက်ရဲ့ စွမ်းရည်တွေ 80% လောက်လျော့ပါးသွားတတ်ပါတယ်.။ အခုဒီဇာတ်လမ်းမှာတော့ မဖြစ်နိုင်ဘူးဆိုတဲ့ ဘောင်ကို ရိုက်ချိုးကျော်လွန်ပြီး ဘ၀ရည်မှန်းချက်အတိုင်းရောက်အောင် စိတ်ဓာတ်ပြင်းထန်စွာနဲ့ ကြိုးစားခဲ့တဲ့ တံငါတည်အမျိုးသမီးတစ်ယောက် ကိုမြင်တွေ့ရမှာပါ.။
အောင်မြင်တဲ့ လက်ဝှေ့သမားတစ်ယောက်ဘ၀ကို ပိုင်ဆိုင်လိုတဲ့ တံငါသည်အမျိုးသမီးတစ်ယောက်ရဲ့ အိပ်မက်တွေကို ကူညီဖြည့်ဆည်းပေးပြီး ထူးချွန်တဲ့လက်ဝှေ့သမားဘ၀ရောက်အောင် ကူညီပေးတဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ရဲ့ ဘ၀ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်.။
Imdb Rating .7.9 /10 ရထားတာနဲ့ အညီ Gc ပရိတ်သတ်ကြီးကြည့်ရှု့ဖို့ သင့်တော်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်.။ ;)
Review & Encode by: Mg Moe Tain
အဆင်ပြေကြပါစေဗျာ
How to Download
ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Ode To My Father (2014) မြန်မာစာတန်းထိုး
Ode To My Father Rating-7.7/10-1541 votes အဖေသို့တမ်းချင်း မြောက်ကိုရီးယားစစ်ပွဲအတွင်းမှာမိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက်သူ့ဘဝတစ်လျှောက်လုံးစွန့် လွှတ်အနစ်နာခံပေးဆပ်သွားတဲ့လူငယ်တစ်ယောက်အ ကြောင်းကို ရိုက်ကူးထားတာပါ... #ဇာတ်လမ်းအကျဉ်း မြောက်ကိုရီးယားစစ်ဖြစ်နေချိန်မှာ...ဒေါ့ဆူ ဆိုတဲ့ကောင်လေးဟာ အဖေနဲ့ညမလေးကို ကွဲသွားပြီးနောက် မိသားစုကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်... အကိုကြီးအဖရာဆိုတဲ့အတိုင်း မိသားစုရဲ့လိုအပ်ချက်မှန်သမျှကို ကိုယ့်အသက်ကိုတောင် မငဲ့ကွက်ဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကျွေးတဲ့သူမျိုးပါ... စစ်ကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုတွေ၊ စစ်ဘေးကြောင့် ဖြစ်သွားရတဲ့ ဘဝဆိုးတွေကို ဒေါ့ဆူ ဘဝမှာ မမေ့နိုင်အောင် ဖြစ်ခဲ့ရပါတယ်... နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် စစ်ပွဲတွေပြီးလို့အေးချမ်းသွားတဲ့အချိန်မှာ စစ်အတွင်းမှာပျောက်ဆုံးခဲ့တဲ့ မိသားစုဝင်များကို ရှာဖွေရေး အစီအစဉ် ပေါ်လာခဲ့ပါတယ်... ဒေါ့ဆူလည်း ပျောက်ဆုံးသွားတဲ့ အဖေနဲ့ ညမလေးကို ရှာဖွေပါတော့တယ်.... ဘဝတစ်လျှောက်လုံး သူ လွမ်းဆွတ်တမ်းတသတိရခဲ့တဲ့ သူ့အဖေနဲ့ ညမလေးကို ပြန်ရှာတွေ့ပါ့မလား... သူဖြစ်ချင်တဲ့ မိသားစုဘဝလေးကို ပြန်ရနိုင်ပ်ါမလား ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှု့လိုက်ပါတော့နော်... ကြည့်ပြီးသွားရင်တော့ မိသားစု ဆိုတဲ့အဓိပ္ပါယ်ကို သေချာနားလည်ပြီး တန်ဖိုးထားတတ်သွားမယ်လို့ ယုံပါတယ်... မျက်ရည်မခိုင်တဲ့သူတွေကတော့ ကြည့်ပြီးရင် ငိုရဖို့က အသေအချာပါပဲ... ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေနော်...
Reviewed & Translated by : May Satt Thu
Encoded by : Eric Min Khant
Quality : 720P HD