Home » » Fight Back to School II (1992) မြန်မာစာတန်းထိုး

Fight Back to School II (1992) မြန်မာစာတန်းထိုး


Fight Back to School II (1992) မြန်မာစာတန်းထိုး


စတီဖင်ချောင် ဇာတ်ကားတွေကိုတောင်းဆိုကြလို့ Gold Channel ရဲ့ပရိတ်သတ်ကြီးအတွက် Fight back to school ရဲ့ အဆက်ဖြစ်တဲ့ Fight back to school 2 ကိုတင်ပေးလိုက်ရပါတယ်။

ဒီကားမှာတော့ ပထမကားထဲမှာအမှုကို ရွပ်ရွပ်ချွံချွံဆောင်ရွက်နိုင်ခဲ့လို့ Star Chow နဲ့ ဦးလေး Tat တို့ ၂ယောက် စခန်းမှာ မျက်နှာသာပေးခံရပါတယ်။ ဌာနမှူးအသစ်ကလည်း သူတို့ကို ကြိုက်ရာတောင်းဆိုစေရာမှာ ဦးလေး Tat ရဲ့ နှာဗူးကျမှုကြောင့် Star Chow က မခံချင်ဖြစ်ပြီး လျှောက်ပြောရာမှ Star Chow တစ်ယောက် စခန်းမှာ ပေါက်ကရတွေဖြစ်ကာ နောက်ဆုံး အလုပ်ပါထွက်သွားပါတော့တယ်။ ဒါပေမယ့်လည်း သူမကျေနပ်သေးတဲ့ အမှုတစ်ခုကြောင့် ကိုယ့်စားရိတ်နဲ့ကိုယ် undercover ဝင်လုပ်ရာမှ တရုတ်ပြည်မှာ အကြမ်းဖက်မှုတွေလုပ်တော့မယ့် ရာဇဝတ်ဂိုဏ်းကို နှိမ်နင်းဖို့ဖြစ်လာပါတော့တယ်။
ဒီကားထဲမှာတော့ ဦးလေး Tat သာမပါရင် အူတက်အောင်ရယ်ရမှာ မဟုတ်ပါဘူး။ စတီဖင်ချောင် ထုံးစံအတိုင်း ဦးလေး Tat နဲ့ တွဲကာ ရုပ်ရှင်ချစ်သူတွေကို အမောပြေစေဦးမှာမို့ စတီဖင်ချောင် ပရိတ်သတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

IMDB အနေနဲ့ 6.7/10 ရထားပြီး
Rotten Tomatoes မှာတေ့ 72% ထိ ရရှိထားတဲ့ ဟာသဇာတ်ကားကောင်းဖြစ်ပါတယ်။

Review & Translated by : Hein Htet Linn
Encoded by : Mg Moe Tain




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Share this article :

Post a Comment