Home » » A Bittersweet Life (2005) 480p - မြန်မာစာတန်းထိုး

A Bittersweet Life (2005) 480p - မြန်မာစာတန်းထိုး

 A Bittersweet Life သည် မူရင်း source ဖိုင် 720p ကိုရှာရန်ခက်ခဲနေသောကြောင့် ပရိတ်သတ်များ အရင်ဆုံးကြည့်ရှုလို့ရအောင်လို့ Gold Channel မှာ 480p လေးနဲ့တင်ဆက်ပေးလိုက်ရပါတယ်
720p is coming soon....

ကမ္ဘာကျော် ကိုးရီးယား action မင်းသား လီဗြောင်ဟွန်းပါဝင်တဲ့ မနားတမ်းကြည့်ရမယ့် အက်ရှင်ဇာတ်ကြမ်းတစ်ကားနဲ့မိတ်ဆက်ပါရစေ
(ဇာတ်ကား Review အား International Movies News - IMN မှကူးယူတင်ဆက်သည်။..)

သစ်ရွက်တွေလှု ပ်ခတ်တာက လေတိုက်နေလို့လား ဒါမှမဟုတ်ရင် သူအလိုအလျောက်လှု ပ်နေတာလား ဆရာ။

မဟုတ်ဘူး မင်းစိတ်က လှု ပ်နေလို့ သစ်ရွက်တွေကလိုက်
လှု ပ်နေတာ။အရာအားလုံးက မင်းစိတ်ထဲမှာ ဖြစ်ပျက်နေတာ။



-----------

တကယ်ဆို သူလိုကောင်မျိုးက ဘာမှလေးလေးနက်နက် တွေးဘူးခံစားဘူးတာမဟုတ်ဘူး။သူ့ခေါင်းထဲမှာ အမိန့်နာခံမှု ။အလုပ်ဝတ္တရားတစ်ခုကို ကျေပွန်ပြီးမြောက်အောင်ဆောင်ရွက်မှု စတဲ့ တာဝန်ကျေပွန်တဲ့နောက်လိုက်ငယ်သားတစ်ယောက်၏ ရပ်တည်ချက်မျိုးပဲ အခုအချိန်ထိ ထားရှိဆောင်ရွက်နေသူဖြစ်သည်။သူ့ဆရာသြဝါဒသည် သူ့အတွက် တရားဥပဒေသတစ်ခုဖြစ်၏ ။သူ၏ အနာဂတ်ကာလဖြစ်၏။ပြန်ပြီး မလုပ်နိုင်ဘူး ။မလုပ်ချင်ဘူး စသဖြင့် အတိုက်အခံစကားလုံးတွေ စဉ်းငယ်မျှပင် အသုံးမပြု ဘူးခဲ့ချေ ။အဲဒီလို အပြု အမူတွေ တာဝန်ကျေပွန်မှု တွေကြောင့် အခုဆိုလျှင် ဆရာ၏အားကိုးမှု အရဆုံး ယုံကြည်မှု ရှိဆုံး နေရာတစ်ခုပင်ရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ပါသည်။

သူ့ဆရာက ဂိုဏ်းခေါင်းဆောင် တစ်ဦး။ ဆိုရလျှင် ကောင်းမှု ရော မကောင်းမှု ပါ ပေါင်းစုံလုပ်ကိုင်နေသည့်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။သူ့လက်အောက်မှာ ငယ်စဉ်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ဆရာ့စကားလုံးအမိန့်တွေနှင့် သူ့ဘဝတစ်ခုလုံး ထိန်းချု ပ်လှု ပ်ရှားနေထိုင်ခဲ့၏။ထို့ကြောင့်ပင် ဆရာနှင့်တစ်ဝိုင်းတည်း စားတော်ပွဲတည်ပြီး စားသောက်ခွင့်ရ၏ ။အရေးကြီးကိစ္စရပ်များကို အရေးတယူပင် ဆရာဖြစ်သူ၏ တိုင်ပင်နှီးနှောခွင့်ကို ပိုင်ဆိုင်လာ၏။သူ့ဆရာ၏လောကသားထဲမှာ ချစ်သူ မုန်းသူ မနာလိုသူတွေပါ ထုံးစံအတိုင်းသူ့အပေါ် ဝန်းရံလာလေသည်။

သူတို့လောကသားများတွင် အရေးအကြီးဆုံး အရာမှာ သစ္စာရှိမှု ဖြစ်သည်။သစ္စာရှိမှု သည် အထူးအရေးပါ၏။အထူးသဖြင့်သူ့ဆရာသည် အဲဒီဆောင်ပုဒ်ကို အထူးကိုးကွယ်အလေးထားသူဖြစ်သည်။သူ့အတွက် အသက်ကိုရင်းပြီး အမြဲတစ်စေကာကွယ်ခဲ့လျှင်တောင် တစ်ကြိမ်တစ်ခါမျှလောက်ကလေး သစ္စာမဲ့သလိုဖြစ်သွားခဲ့ပါက အဲဒီ
ပုဂ္ဂို လ်အတွက် ဆုလာဘ်သည် သေဒဏ်မှတစ်ပါးအခြားမရှိချေ ။

စိတ်ဆိုသောအရာသည် မည့်သည့်အရာမျိုးနှင့် ထိတွေ့ကြုံ ကြို က်ခဲ့လျှင် ပြောင်းလဲသွားနိုင်ပါသလဲ။

သစ်ရွက်ကလေးက တည်ငြိမ်နေသော်လည်း စိတ်က လှု ပ်ခတ်ခိုင်းသောအခါတွင် ခါယမ်းလွင့်ကြွေရစမြဲပါပဲ။သစ်ရွက်ကလေးနှင့်တူသော မိန်းကလေးတစ်ယောက်ကို ဆုံရသောအခါ သူ၏စိတ်အစုံသည် လေပင့်ခံသစ်ရွက်ကလေးအဖြစ် ထပ်တူပြောင်းလဲခဲ့လေသည်။

ဆရာက ဟောင်ကောင်ကိုသွားမည့်သုံးရက်မြောက်ခရီးစဉ်အတွင်း သူ့စပွန်ဆာမယ်ကလေးကို စောင့်ရှောက်ရန် မှာကြားခဲ့သည်။ထိုမိန်းကလေးသည် သူ့ဘဝကို မှောင်မိုက်ခြင်းတိမ်တိုက်တွေယူဆောင်လာမည့် မုန်တိုင်းငယ်ကလေးဖြစ်ခဲ့သည်။မည်သို့ပင်ဖြစ်စေ ။သူကိုယ်တိုင် အလွင့်အစဉ်ခံပြီး မုန်တိုင်းကို ဆီးကြို ခဲ့လေသည်။အဲဒီကောင်မလေးမှာ ချစ်သူတစ်ယောက်ရှိနေသည်။ပျိုမျစ်နုနယ်သောအရွယ်ဖြစ်၍ သူ့ဆရာလိုသက်ကြားအိုတစ်ယောက်ကို အချိန်ပြည့်လက်မတွဲနိုင်တာ သူနားလည်ပါသည်။တာဝန်ဝတ္တရားအရ သူမနောက် တစ်ကောက်ကောက်လိုက်ခဲ့သည်။ထိုအခါ ဘဝသည် ကြမ်းတမ်းခက်ထန်သည့် တိုက်ပွဲများနှင့်သာ ဖန်တီးထားခြင်းမဟုတ်ကြောင်း သူမနှင့်ဆုံတော့မှ ခံစားသိရှိလာလေသည်။သူမက Music Studio တစ်ခုကို သွားပြီး Violin တီးခတ်သူဖြစ်သည်။သူအဲဒီဂီတမှာ စီးမျောသွားသည်။အိပ်မက်မက်ခဲ့သလိုမျိုးခံစားလိုက်ရသည်။သူနှလုံသားထဲတွင် တစ်ခါမှမခံစားဘူးသော နူးညံ့လှပမှု တွေ ထူးခြားမွတ်သိပ်စွာ စီးဝင်သွားတော့သည်။

သူ့ဆရာထံကို ပြောပြရမည့် သတင်းတစ်ခုကို ပထမဆုံးချန်လှပ်မိခဲ့၏။အဲဒီကောင်မလေးနှင့်သူ့ကောင်လေးတို့ ချိန်းတွေ့သည့် ကိစ္စကိုဖြစ်သည်။သူစိတ်ထဲတွင် ကောင်မလေး တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သွားခဲ့သည်။

ထိုကိစ္စသည် သူ့ဘဝအချိုးအကွေ့တစ်ခုဖြစ်ခဲ့သည်။ဆရာသိသွားသောအခါ ထုံးစံအတိုင်းပင် သေခြင်းတရားပြစ်ဒဏ်ဖြင့် သူ့ကို စီရင်တော့သည်။သူဘာလုပ်ခဲ့ပါသလဲ။

ထိုအခါမှ သူ့ဘဝက အဓိပ္ပါယ်ရှိလာတော့လေသည်။
တကယ်ဆိုသူတို့အဖြစ်အပျက်သည် ဘာမှမဟုတ် ။စကားနားမထောင်သော အောက်လက်ငယ်သား အိမ်စောင့်ခွေးသာသာ လူတစ်ယောက်ကို ဆရာဖြစ်သူက အပြစ်ပေးသည့် ကိစ္စတစ်ခုရယ်သာ ။

ဒါပေမယ့် သူ့အတွက် ကြီးကျယ်ခက်ထန်ခဲ့တဲ့ ကိစ္စရက်တစ်ခုဖြစ်ပျက်ခဲ့သည် မဟုတ်ပါလား ။

သစ်ရွက်ကလေးကို လေမတိုက်ပဲ လှုပ်တယ်ထင်ခဲ့မိတာ ဘာအတွက်ကြောင့် ဖြစ်ခဲ့တယ်ထင်ပါသလဲ။
အချစ်ကြောင့်ပဲဟုသာ ဆိုနိုင်ရာသည်။

ကိုရီးယားအကောင်းဆုံးအက်ရှင်ကားများထဲတွင် ယခုဇာတ်ကားသည် ထိပ်ဆုံးပိုင်းမှာထာဝရထားရှိရမယ်ဆိုတာ ကြည့်ဘူးခဲ့သူတိုင်း မလွဲမသွေထောက်ခံကြမှာပါ ။မင်းသားကြီး လီဗြောင်ဟွန်း၏ အကောင်းဆုံးအခိုက်အတန့်ဟုသာ ပြောရင်း မကြည့်ဘူးသူများ ကြည့်ကြပါဟုသာ ။


(Review Credit to: 
International Movie News - IMN)
Translated By : Myo Min Khant
Encoded By   : Thant Hlaing Oo



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Share this article :

+ comments + 1 comments

September 29, 2017 at 1:22 AM

ဒေါင်းမရပါလင့်သေနေပြီ

Post a Comment