Home » » Friend Request (2016) မြန်မာစာတန်းထိုး

Friend Request (2016) မြန်မာစာတန်းထိုး



ဇာတ်လမ်းကိုအကြောင်းအရာက ဆိုရှယ်မီဒီယာတွေကြားမှာ မွေ့လျော်တဲ့ ယနေ့ခေတ်ကာလနဲ့ အံကိုက်ရိုက်ကူးထားတဲ့ ဂျာမန်သည်းထိတ်ရင်ဖိုသရဲကားပါ။

လော်ရာဟာ ကောလိပ်မှာ ရေပန်းအစားဆုံး မိန်းကလေး တစ်ယောက်ဖြစ်ပြီး သူ့ဘ၀သူ ကျေနပ်နေသူတစ်ယောက်ပါ။ လူမှုကွန်ရက် အသုံးများတဲ့ ဆယ်ကျော်သက်ဖြစ်တဲ့ အားလျော်စွာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ထဲက သူငယ်ချင်း ၈၀၀ ကျော်ကြားမှာသူ့ပုံတွေတင်၊ အကြောင်းအရာတွေ ရှယ်လ်လုပ်လေ့ ရှိပါတယ်။ တစ်ရက်မှာတော့ လော်ရာဟာ မရီနာဆိုတဲ့ မိန်းကလေးတစ် ယောက်ဆီက Friend Request တစ်ခုရခဲ့ပါတယ်။ မရီနာနဲ့ သိပ်မရင်းနှီးပေမယ့်လည်း Request ကို လက်ခံခဲ့ပါတယ်။ အဲဒီနောက်လော်ရာဟာ အဲဒီအကောင့်ကို Unfriend လုပ်ခဲ့ပြီးနောက်မှာတော့ မကောင်းတဲ့ ကျိန်စာမိပြီး သူ့ဘ၀တစ်ခုလုံး ပြောင်းလဲသွားခဲ့ပါတော့တယ်။

အဲဒီထူးဆန်းတဲ့ မိန်းကလေး ဟာ ၀ိညာဉ်ဖြစ်တာကြောင့် လော် ရာက Unfriend လုပ်တာကို မကျေမနပ်ဖြစ်ပြီး လော်ရာရဲ့ အ ရင်းနှီးဆုံးသူငယ်ချင်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး လော်ရာကို အထီးကျန်ဖြစ်စေခဲ့ ပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ် ပြဿနာကို ဖြေရှင်းဖို့ဆိုတာ လည်း ရက်ပိုင်းပဲကျန်တဲ့အနေအ ထားဖြစ်နေပါတယ်။

ထူးဆန်းတဲ့ မိန်းကလေးက ဘယ်သူလဲ၊ ဘာကြောင့်လော် ရာကို ပစ်မှတ်ထားကျိန်စာတိုက် ပြီး သူ့သူငယ်ချင်းတွေကို သတ် ဖြတ်ရတာလဲ။ ဒီပြဿနာကို လော်ရာ ဖြေရှင်းနိုင်ပါ့မလားဆို တာ အသည်းတထိတ်ထိတ်နဲ့ပဲ ဆက်ကြည့်လိုက်ကြဦးနော်။

ဒီဇာတ်ကားက လူမှုကွန် ရက်တွေက အမြဲတမ်းကောင်း ကျိုးမပေးဘူးဆိုတာ သင်ခန်းစာ ပေးသလို ကိုယ်က ဆိုရှယ်မီဒီယာ တွေရဲ့ အသုံးချခံမဖြစ်ဖို့လည်း သတိထားမိစေတဲ့ ဇာတ်ကား လေးပါ။

 ဇာတ်လမ်းမှာ မင်းသမီး အလီရှာဒက်ဘ်နမ်ကယ်ရီက လော်ရာနေရာက အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

Review Credit to-7day Daily
Translate & Encode bY: Eric Mink Khant




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Share this article :

Post a Comment