Home » » Independence Day: Resurgence (2016) မြန်မာစာတန်းထိုး HDTS Version

Independence Day: Resurgence (2016) မြန်မာစာတန်းထိုး HDTS Version

-Independence Day: Resurgence (2016) မြန်မာစာတန်းထိုး HDTS Version

 Independence Day ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ် ကားလေးဖြစ်ပါတယ်..။၁၉၉၆ က ထွက်ရှိခဲ့ တဲ့ Independence Day ဇာတ် ကားရဲ့အဆက်အဖြစ် ၂၀ ရာစု မြေခွေး ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာ ဖြစ်ပါတယ်။ ရန်ကုန်က ရုပ်ရှင်ရုံတွေမှာ ဇူလိုင် ၁ ရက်ကစပြီး ပြသတော့မှာ ဖြစ် ပါတယ်။
ပထမဇာတ်လမ်းရဲ့ အဖြစ် အပျက်တွေပြီးနောက် နှစ် ၂၀ ကြာတဲ့အခါမှာ အရာရာတိုင်းကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ကုလ သမဂ္ဂကလည်း ကမ္ဘာကြီးကို အ ကာအကွယ်ပေးနိုင်ဖို့ အာကာသ ကာကွယ်ရေးစနစ် (Earth Spa-ce Defense) ကို လုပ်ဆောင်ခဲ့ပါတယ်။ အဓိကကတော့ ကမ္ဘာပေါ် ကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုဟ်သားတွေရန်က ကာကွယ် ပေးနိုင်ဖို့အတွက် အဆင့်မြင့်ယာဉ် တွေ၊ နည်းပညာမြင့် လက်နက် တွေ ပြင်ဆင်ထားပြီး လကမ္ဘာ၊ အင်္ဂါဂြိုဟ်တို့မှာလည်း တပ်အင် အားတွေ ပြင်ဆင်ထားကာ Area 51 ဆိုတဲ့နေရာကိုတော့ အာကာ သကာကွယ်ရေးစနစ်ဌာနချုပ်အ ဖြစ် သတ်မှတ်ထားတာပါ။
ကမ္ဘာကြီးဟာ အာကာသက လာတဲ့ အန္တရာယ်တွေကာကွယ် ဖို့အတွက် သတိကြီးကြီးထားပြီး ပြင်ဆင်ထားပေမယ့် အလစ်အ ငိုက်မိပြန်ပါတော့တယ်။ ဂြိုဟ် သားတွေ အမြစ်ပြတ်တိုက် ထုတ် နိုင်မယ့် နည်းလမ်းကို မတွေ့ သေးတဲ့နောက် ဂြိုလ်သားတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ အရင်တစ် ခါလိုပဲ ဒုက္ခအန္တရာယ်တွေ ရင်ဆိုင် ရပါတော့တယ်။
အထူးပြုလုပ်ချက်တွေ အ များကြီးနဲ့မို့ တချို့ပရိသတ်တွေအ တွက်တော့ မျက်စိနောက်စရာလို့ ထင်နိုင်စရာရှိပေမယ့် သိပ္ပံဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ခေတ် လွန်အပြင်အဆင်တွေနဲ့မို့ ကြည့် လို့အဆင်ပြေမယ် ထင်ပါတယ်။
ကမ္ဘာဖျက် အန္တရာယ်တွေ ဖြစ်လာတဲ့နောက် သေကျေပျက်စီးမှုတွေကြားက လွတ်လပ်မှုကို ပြန်ရဖို့ တိုက်ပွဲဝင်သူတချို့ ပေါ်ထွက်လာတဲ့အခါမှာ ဂြိုဟ်သားတွေကို ကမ္ဘာမြေပေါ်ကနေ ဘယ်လိုတိုက် ထုတ်ဖယ်ရှားမှာလဲဆိုတာ စိတ် လှုပ်ရှားရင်း ဆက်ကြည့်ဖို့ ညွှန် ပေးလိုက်ပါ တယ်။
 ဒီဇာတ်ကားမှာ လီယမ်ဟမ်း စ်ဝေါ့သ်၊ ဂျက်ဖ်ဂိုးလ်ဘလမ်၊ ဂျက်စီအက်ရှာစတဲ့ သရုပ်ဆောင် တွေ ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားနဲ့  ပတ်သက်ပြီး  မကောင်းတဲ့ဝေဖန်မှုတွေ ရှိပေမယ့် ရုံတင်ပြသမှုက အမေရိကန် ဒေါ်လာ ၁၄၃ သန်းကျော် ၀င်ငွေရရှိခဲ့တာမို့ ကိုယ်တိုင်ဝေဖန် အကဲဖြတ်လိုက်ပါဦးလို့။          ။

HD ဖြစ်ဖို့တော့ စောင့်ဖို့လိုပါဦးမယ် .။ လောလောဆယ်ရနိုင်သမျှ HDTS ကွာလတီကို GC ပရိတ်သတ်လက်ထဲ ဦးစွာတင်ဆက်ပေးလိုက်ရပါတယ်.။ HD အမှန်နဲ့ ခံစားလိုသူများအတွက် ခတ္တအောင့်အီးထားကြပါဦးလို့ စကားဦးသမ်းချင်ပါတယ်.။
Translate by: Scarlet Phoenix
Encode by: Invoker 


အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Share this article :

Post a Comment