Home » » Money Monster (2016) မြန်မာစာတန်းထိုး

Money Monster (2016) မြန်မာစာတန်းထိုး


Money Monster (2016) မြန်မာစာတန်းထိုး

အသစ်ထွက်ရှိလာတဲ့ Money Monster ဆိုတဲ့ အမေရိကန်သည်း ထိတ်ရင်ဖိုဇာတ်ကားကြည့်ဖို့အတွက် ညွှန်းပေးလိုက်ပါတယ်။ ဒါရိုက်တာ ဂျိုဒီဖော်စတာရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အကယ်ဒမီဆုရှင်တွေဖြစ်တဲ့ ဂျော့ခ်ျကလူးနေနဲ့ ဂျူလီယာရောဘတ်စ်တို့ ခေါင်းဆောင်ပါဝင်ထားတဲ့အတွက် ပရိသတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ ဆိုရမှာပါ။

ရုပ်သံအစီအစဉ်တင်ဆက်သူ လီဂိတ်စ်တစ်ယောက် အစီအစဉ်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေရင်း သေနတ်သမားတစ်ယောက်ရဲ့ ဓားစာခံဖြစ်ခဲ့တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။ လီဂိတ်စ်ဟာ Money Monster ဆိုတဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ပြီး စတော့ဈေးကွက်လိုမျိုး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေ၊ စီးပွားရေးကိစ္စအကြံပေးချက်တွေကို အဓိကတင်ဆက်သူပါ။

တစ်ရက်မှာတော့ ရိုက်ကူးရေးခန်းမထဲကို ကိုင်လ်ဘတ်ဒဲဝဲလ်ဆိုတဲ့ လူငယ်တစ်ယောက်တိတ် တဆိတ်ရောက်နေခဲ့ပြီး ဂိတ်စ်ရဲ့ စီးပွားရေးအကြံပြုချက်တွေအတိုင်းလုပ်လိုက်လို့ မိသားစုဘ၀ ပျက်ခဲ့ရတယ်ဆိုကာ ဂိတ်စ်ကို ဓားစာခံလုပ်ခဲ့ပါတော့တယ်။ ဂိတ်စ်ရဲ့ အဖြစ်အပျက်ကို ရိပ်မိသွားတဲ့ ဂိတ်စ်ရဲ့ ထုတ်လုပ်သူပက်တီဖန်ဟာ ရုပ်သံဝန်ထမ်းတွေ အကုန်လုံးကို ရုံးထဲကနေ အမြန်ထွက်ခွာဖို့ နားကျပ်ကနေတစ်ဆင့် ညွှန်ကြားခဲ့ပြီး ဂိတ်စ်တစ်ယောက် သေနတ်သမားအန္တရာယ်က ရှောင်နိုင်ဖို့အတွက် တောက်လျှောက်ညွှန်ကြားမှုတွေ လုပ်ခဲ့ပါတယ်။

ရိုက်ကူးရေးစတူဒီယိုထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို အားလုံးသိစေဖို့အတွက် ပက်တီကတိုက်ရိုက်ဆက်လွှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စီးပွားပျက်လို့ ပေါက်ကွဲနေတဲ့ ကိုင်လ်ဟာလည်း ရုပ်သံကနေတစ်ဆင့် သူ့မကျေနပ်ချက်တွေ၊ စီးပွားရေးလောကရဲ့ ပြဿနာတွေကို ရင်ဖွင့်နေတဲ့အတွက် အစီအစဉ်ကို ပြဿနာအခြေအနေအတိုင်းပဲ ထုတ်လွှင့်ခဲ့ပါတယ်။ ကိုင်လ်ရဲ့ ပြဿနာကို ဓားစာခံဖြစ်နေတဲ့ ဂိတ်စ်တစ်ယောက် ဖြေရှင်းပေးနိုင်မှာလား၊ ဂိတ်စ်နဲ့ ပက်တီတို့အဆိုးဆုံးအခြေအနေကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်ကြမှာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်လိုက်တာ ပိုကောင်းပါတယ်။

ဒီဇာတ်ကားမှာ လီဂိတ်စ်အဖြစ် ဂျော့ခ်ျကလူးနေ၊ ပက်တီဖန်အဖြစ် ဂျူလီယာရောဘတ်စ်၊ ကိုင်လ်ဘက်ဒ်ဝဲလ်အဖြစ် ဂျက်ခ်အိုကော်နယ်တို့ပါဝင်ထားပြီး မေ ၁၃ ရက်မှာ TriStar ရုပ်ရှင်ထုတ်လုပ်ရေးကနေဖြန့်ချီထားတာဖြစ်ပါတယ်.။
Review Credit to-7day Daily
Translate by: Fantastic Charming
Encode by: Eric Min Khnat


Watch & Download Here 800MB
Small File Size 600MB

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။
Share this article :

Post a Comment