Home » » Mournng Grave (2014) မြန်မာစာတန်းထိုး

Mournng Grave (2014) မြန်မာစာတန်းထိုး

Mournng Grave (2014) မြန်မာစာတန်းထိုး

Asian Thriller တွေ မှ ကြိုက်နှစ်သက်တဲ့ GC ပရိသတ်ကြီးအတွက် ဒီတစ်ခါ
ရွေးချယ်တင်ဆက်ပေးလိုက်တာက ...Mourning Grave ဆိုတဲ့ korea  thriller ကားလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်... ဇါတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ တော့  ကြက်သီးတောင် ထချင်ချင်ရယ် Imdb 6.0 ဆိုတော့ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ကားကောင်းလေးတစ်ကားဖြစ်မှာ ကျိန်းသေမလွဲပါဘူး...
 ဇါတ်လမ်းအကျဉ်းအနေနဲ့ .. အင်ဆူး ဆိုတဲ့ တစ္ဆေသရဲတွေကို မြင်နိုင်စွမ်း ကူညီနိုင်စွမ်းရှိတဲ့ ဆယ်ကျော်သက် ကျောင်းသားလေးတစ်ယောက်. မြင်ရတဲ့အပြင် သူ့မှာ အဲ့ဒီပရလောကသားတွေကိုလဲ ကူညီပေးနေရတဲ့ ဒုက္ခ သူ့အတွက်ခက်နေတာက သူကူညီလေ.. သူ့အနားကို ပရလောကသားတွေက ၀ိုင်းလေဆိုတော့ သူ့ခမျာ စိတ်အိုက်ရပါတယ်.. သူ့ရဲ့ဦးလေးဖြစ်သူက တော့ ဥပက္ခာပြုထားလိုက်ရင် ပျောက်သွားမယ်လို့ အကြံပေးပေမယ့်လဲ သူ့အဖြစ်က ပိုလို့သာ ဆိုးရွားလို့လာပါတယ် အဲဒီလို သူ့ဘ၀ထဲကို နောက်ထပ်ချဉ်းနင်းဝင်ရောက်လာတာက ကျောင်းသူတစ္ဆေမလေးတစ်ယောက်၊ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် သူ့အနားမှာ တွယ်ကပ်နေရင်းက သူနဲ့သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်
.. တပြိုင်တည်းမှာပဲ
သူတို့ စာသင်ခန်းထဲမှာ မျက်နှာဖုံးတပ် ပရလောကသားတစ်ယောက်
ပေါ်လာပြီးတဲ့အခါ..........
အတန်းထဲက ခပ်ဆိုးဆိုးကျောင်းသူတစ်ယောက် ကျောင်းသားတစ်ယောက် ပျောက်ဆုံးသွားရာကအစ.... အင်ဆူးဟာ အဲဒီ မျက်နှာဖုံးတပ်တစ္ဆေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်ဖို့ ဘယ်လိုကြိုးစားမလဲ ဘာကြောင့် သူက လူတွေကို ဒုက္ခပေးနေရသလဲ သူ့ရဲ့ အမျက်ဒေါသကဘာလဲဆိုတာ ဘယ်လို အဖြေရှာမလဲ... တစ်ဖက်က သူ့ရဲ့ ဘ၀ခြားနေတဲ့ သူငယ်ချင်းကျောင်းသူတစ္ဆေမလေးကိုရော သူ ဘာတွေ လုပ်ပေးမှာလဲ ဆိုတာ ....  download လေးဆွဲပြီး ဆက်လက် ကြည့်ရှုနိုင်ကြပါပြီ
Thriller အရသာလဲ မပျက် အချစ် အလွမ်း ဟာသလေး တွေနဲ့ ကြည့်ချင်စဖွယ်ဖြစ်နေသလို.. ကျောင်းသားလူငယ်တွေကြားထဲမှာ ဖြစ်တတ်တဲ့ အနိုင်ကျင့်တာ..၊ ဗိုလ်ကျတတ်တဲ့သဘာဝလေးတွေလဲ ဒီဇါတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်... အခြားသော korea thriller ဇါတ်ကားများနဲ့ ကွဲပြားခြားနားတယ်
ခပ်ပေါပေါသရဲဟာသကား မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ Myanmar Channel 9 မှ ရဲရဲ ကြီး အာမခံလိုက်ပါတယ်...

Review & Encode by: Hein Min Htet
Translate by: Dan Dy



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်
Share this article :

Post a Comment