Suicide Squad (2016) မြန်မာစာတန်းထိုး

Suicide Squad (2016) မြန်မာစာတန်းထိုး
Action , Adventure
— Plot —
Superman သေ (ပျောက်ကွယ်) သွားပြီးတဲ့နောက် အမေရိကန်အစိုးရဟာ သူတို့ထက် သာနေတဲ့ အရာတစ်ခုရှိနေရင် နေမထိထိုင်မသာဖြစ်တတ်တဲ့ ထုံးစံအတိုင်း နောက်ထပ် ပေါ်လာမယ့် Superman ဟာ လူကောင်းမဟုတ်ပဲ လူဆိုးတစ်ယောက်ဖြစ်နေခဲ့ရင်၊ Whitehouse အမိုးကို ဆွဲလှန်ပြီး သမ္မတကို ပြန်ပေးဆွဲမယ့်သူဖြစ်နေရင် သူ့ကို ဘယ်သူကတားနိုင်မလဲ ဆိုတဲ့အဖြေကို ရှာနေကြပါတယ်။
.
သူတို့ရဲ့ အဖြေကိုတော့ ဆိုးပေ့ဆိုတဲ့ သဘာဝလွန် လူဆိုးတွေကို ဖမ်းထားတဲ့ blacksite အကျဉ်းထောင်တစ်ခုမှာ သွားတွေ့ပါတယ်။ အဲ့မှာ ဖမ်းမိပြီးသား ဖြစ်နေတဲ့ Deadshot, Harley Quinn, Killer Croc, Diablo, Captain Boomerang, Enchantress အစရှိတဲ့ super villain တွေကို အကျပ်ကိုင် control လုပ်ပြီး taskforce တစ်ခုဖွဲ့ထားဖို့ပါ။ Villain ကို နှိမ်နင်းဖို့အတွက် ထိန်းလို့ရမရမသေချာတဲ့ villain တစ်အုပ်ကို လွှတ်ပေးလိုက်တဲ့အခါမှာတော့……။

— Review —

ပထမဆုံးအနေနဲ့ပြောချင်တာက ဒီကားမှာ အဆိုးဆုံးအပိုင်းက marketing ပါပဲ။ ရုပ်ရှင်ထဲမှာပါတောင်မပါတဲ့ cut တွေ ကို trailer တွေထုတ်တာတွေ၊ Joker ပုံကြီးသုံးပြီး မ hype မနေအောင်လုပ်တာ တွေ၊ ဘာမှမဆိုင်တဲ့ Joker နေရာကနေသရုပ်ဆောင်တဲ့ Jared Leto ဟာ အပြင်မှာပဲ တစ်ကယ်ကြီး Psycho ဖောက်သွားသလိုလို လျှောက်ရေးထားပြီး တစ်ကယ်တန်းကြတော့ Joker က ဇာတ်ရန်နေရာက ပါတာတွေဟာ အဆိုးဆုံးပါပဲ။ ဒီလိုတွေမလုပ်ခဲ့ဘူးဆိုရင် ဒီကားရတဲ့ reaction က အများကြီးပိုကောင်းမယ်လို့ ယုံပါတယ်။
.
ပရိတ်သတ်တွေအနေနဲ့ တစ်ကယ်တန်းသွားကြည့်မယ်ဆိုရင် အဲ့ trailer တွေ Joker တွေကို လုံးဝမေ့ထားပြီး သွားကြည့်ပေးပါ။ အဲ့တာတွေ မဖြစ်ခဲ့ဘူးဆိုရင်၊ Suicide Squad ဟာ ဝိုင်းရေးကြတဲ့ review တွေလောက်မဆိုးပါဘူး။ ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ Review တွေမှာပြောထားတာတွေထက် Suicide Squad ဟာအများကြီးသာပါတယ်။
.
ဇာတ်လမ်းက အပျိုးမှာ တော်တော်ကြီးကိုမြန်တယ်။ Character Introduction အပိုင်းကို Batman vs. Superman တုန်းက ဝိုင်းပြောကြလို့ထင်တယ်။ ဇာတ်လမ်းပျိုး ထားတာက ဝှစ်ခနဲပဲ။ အဲ့လောက်မြန်လွန်းတော့လည်း ဇာတ်လမ်းနဲ့ချိတ်ဆက်မှု ပျက်သွားပြီး ပြချင်တာပြတာကို ကြည့်နေရသလိုကြီးဖြစ်သွားတယ်။ ဒါပေမယ့် Suicide Squad လူစုံသွားပြီး မြို့ထဲစဝင်တဲ့အခန်းကစပြီး တော်တော်ကြည့်လို့ကောင်းသွားပါတယ်။
.
အကြိုက်ဆုံးကိုပြောရရင်တော့ သရုပ်ဆောင်ပါပဲ။ Will Smith နဲ့ Margot Robbie သရုပ်ဆောင်တာ အစအဆုံး အရမ်းကောင်းပါတယ်။ Margot Robbie ရဲ့ acting ကဆိုရင် DC Animation ထဲက Harley Quinn ကိုကြည့်နေရတဲ့အတိုင်းပါပဲ။ ပြီးတော့ Diablo လုပ်တဲ့ Jay Hernandez, Dr. June Moone နေရာက Cara Delevingne တို့ဆိုလည်း အရမ်းမိုက်ပါတယ်။
.
ပြီးတော့ theme ကို light ဖြစ်အောင်လုပ်ထားတာလည်း ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးလေးပေါ့။ တစ်ခါတစ်ခါတော့ original မဖြစ်တဲ့ ဟာသတွေသုံးပြီး တော့ အရမ်းကြီးကြိုးစားထားတယ်။ ဒါပေမယ့် ဒီ ပေါ့ပေါ့ပါးပါး theme နဲ့ အရမ်းကြီး ရှုပ်ရှုပ်ထွေးထွေးဘာမှမပါတဲ့ ဇာတ်လမ်းဟာ Will Smith နဲ့ Margot တို့ သရုပ်ဆောင်မှု နဲ့ သယ်လိုက်တဲ့အခါမှာတော့ ကြည့်ရတာ တော်တော်ပျော်ဖို့ကောင်းသွားတယ်။
.
နောက်တစ်ခုက soundtrack တွေပါ။ တော်တော်ကြီးကို လန်းပါတယ်။ ဒါကတော့ DCEU ရဲ့ရိုးရာဖြစ်သွားမလားပဲ။
.
ပြီးတော့ လူတွေအရမ်းစိတ်ဝင်စားခဲ့တဲ့ Joker။ အမှန်တော့ ဒီကားဟာ Joker ကားမဟုတ်ပါဘူး။ Suicide Squad အကြောင်းပါ။ Joker ရဲ့ဒီကားထဲမှာပါတဲ့ ကဏ္ဍက အပေါ်မှာပြောခဲ့သလို ဇာတ်ရန်ပါ။ ဒါကြောင့်မို့ သောက်သလွဲ ကြော်ငြာ(ညာ) တွေကြောင့် Joker ပါတယ်၊ Batman cameo ပါတယ် ဆိုပြီး တုန်လှုပ်ထိန့်လန့် ဖွယ်ရာ အခန်းတွေမျှော်လင့်ထားမယ်ဆိုရင်တော့ စိတ်ပျက်မိမှာအမှန်ပါပဲ။
ခု ပါခဲ့သမျှကတော့ မဆိုးဘူးလို့ပဲပြောရမယ်ထင်တယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ တော့ Jared Leto ရဲ့သရုပ်ဆောင်ပုံဟာ လိုချင်သလောက် တာမသွားခဲ့တာကို တွေ့ရပါတယ်။
.
Dawn of Justice (DOJ) နဲ့ယှဉ်ရမယ်ဆိုရင်တော့ ပိတ်ကားပေါ်မှာ ချပြချင်တဲ့ ပမာဏ scale ကွာပါတယ်။ DOJ တုန်းက Scale အကြီးကြီး ချပြဖို့ကြိုးစားခဲ့ရာမှာ အပြည့်အဝ မအောင်မြင်ခဲ့ဘူးလို့ပြောနိုင်ပါတယ်။
ခု Suicide Squad မှာတော့ အကုန်လုံးကို ရှင်းရှင်းလေးလုပ်ထားပြီး scale က တော်တော်လေး သေးငယ်သွားပေမယ့် ပိုင်ပိုင်နိုင်နိုင်ချပြသွားနိုင်ခဲ့ပါတယ်။ အမှန်တော့ မြင့်မိုရ်တောင်လောက် မြင့်မားနေတဲ့ hype တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့တာက လွဲပြီး ထူးထူးခြားခြားကြီး စုတ်ပြတ်သတ်နေအောင် အပြစ်ပြောစရာ မရှိပါဘူး။
.
ခုထွက်နေကြတဲ့ review တွေ၊ trailer တွေ၊ hype တွေ ခဏလောက်မေ့ပြီးသွားကြည့်လိုက်ပါ။ Suicide Squad ဟာ DC နဲ့ Warner Bros. တို့ ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကြီး Triumph တစ်ခုမဟုတ်ပေမဲ့လို့ ကြည့်ရတာ တော်တော်လေးအဆင်ပြေပြီး ဖျော်ဖြေမှုအပြည့်အဝပေးနိုင်တဲ့ ကားဆိုတာ သိလိုက်ရမှာပါ။
.
Review Credit to - Admin #Andy (Datshin.com)
Translate by: Fantasy Charming
Encode by: Eric Min Khant
Quality : HDTS






အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Ace the Case (2016) မြန်မာစာတန်းထိုး



အိုလီဗီယာဟာ သွက်လက်ချက်ချာပြီး စပ်စုတတ်တဲ့ ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်..။ တစ်ရက်မှာ သူ့အမေဖြစ်သူ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတဲ့အချိန်မှာ အသက် ၁၇ နှစ်အရွယ် အကိုဖြစ်သူ မိုင်းလ်နဲ့ အိမ်မှာ ၂ ယောက်တည်းကျန်ခဲ့ရရှာပါတယ်.။ အိမ်နီးချင်း ကောင်မလေး လူဆိုးတစ်သိုက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံရချိန်မှာ အိုလီဗီယာဟာ မျက်မြင်သက်သေတစ်ယောက်ဖြစ်ခဲ့သောလည်း သူ့ရဲ့ ပြောစကားအရ ပြန်ပေးဆွဲခံရပုံက သိပ်ကို ထူးဆန်းလွန်းနေလို့ ဘယ်သူမှ အယုံအကြည်မရှိကြပါဘူး.။  အိုလီဗိယာဟာ ဘယ်လောက်ပင်ကြိုးစားကြိုးစား သူ့စကားကို ဘယ်သူမှ အလေးအနက်ထားပြီး လက်ခံကြခြင်းမရှိတဲ့အတွက် သူမရဲ့ ခွေးလေး ချာလီကို ခေါ်ဆောင်ပြီး လူဆိုးတွေရဲ့ နောက်ကနေ သဲလွန်စရှာကာ သူမရဲ့ အိမ်နီးချင်းကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်.။ သူမရဲ့ကြိုးစားအားထုတ်မှု့ကို မြင်ပြီး ကူညီဖို့ ကြိုးစားသူကတော့ အူကြောင်ကြောင် မိန်းမစုံထောက် ဒိုတီပဲဖြစ်ပါတယ်.။ သူတို့နှစ်ယောက်ရဲ့ အလွှဲလေးတွေ စွန့်စားခန်းတွေကို ပျော်ရွှင်ကြည်နူးစရာကြည့်ရှု့ကြရမှာပါ..။ မိသားစုနဲ့ အတူအချိန်ဖြုန်းဖို့ထိုက်တန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.။

Review by: Mg Moe Tain
Translate by: Zin Ko Htut
Encode by: Eric Min Khant
Quality 720P HD


အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Alice boy from wonderland (2015) မြန်မာစာတန်းထိုး

Alice boy from wonderland (2015) မြန်မာစာတန်းထိုး
Romance ဆန်ဆန်ရိုက်ကူးထားပြီး ပုံပြင်ဆန်ဆန်ဇာတ်လမ်းသွား စိတ်ကူးဆန်းဆန်းနဲ့တင်ဆက်ထားတဲ့ Alice boy from wonderland ရုပ်ရှင်မှာ ဟေးဂျောင်းဆိုတဲ့ ကောင်မလေး သူ့ အသက် ၄ နှစ်ရဲ့ရှေ့ပိုင်းကို ဘာမှမမှတ်မိတော့ပါဘူး။ ဒီလိုအတိတ်မေ့ဝေဒနာခံစားနေရတဲ့သူမဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်ရာကနေ သူမရလာတဲ့အမြင်တွေအရ နတ်ဆရာတစ်ဦးကိုအကူအညီတောင်းပြီး woderland အမည်ရတဲ့ ကျေးရွာကလေးကိုသွားရောက်ခဲ့ပါတယ်။ ထူးခြားတဲ့ဖြစ်ရပ်တွေ၊ စိတ်ကူးယဉ်ဆန်တဲ့ ဘဝတွေစောင့်ကြိုနေတဲ့ အဲဒီရွာကလေးဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က သူ့မိဘတွေနေထိုင်ခဲ့တဲ့ရွာကလေးလည်းဖြစ်ပါတယ်။ အဲဒီမှာ သူဘယ်သူ့ကိုတွေ့မလဲ၊ သူ့ဘဝနောက်ကြောင်းမှာ မြှုပ်ကွယ်ထားတဲ့အရာတွေဟာ ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့မြင်လာရမှာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် gold channel ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Review by: Scarlet Phoenix
Translate by: Zin Ko Htut
Encode by: Sinn Sinn




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Swiss Army Man (2016) မြန်မာစာတန်းထိုး



Swiss Army Man (2016) မြန်မာစာတန်းထိုး

ထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Daniel
Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းအကျဉ်းမှာလူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘ၀ကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘ၀ဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က Manny ခန္ဓာကိုယ်ဖြင့်နောက်တစ်ကြိမ်ပင်လယ်ကိုဖြတ်ကာယခင်သူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ကျွန်းသို့ပြန်လည်သွားရောက်ခဲ့ကြသည်။ရဲများ ၊ Sarah တို့မိသားစု နှင့် Hank ၏ဖခင်ဖြစ်သူကထိုကျွန်းသိုလိုက်သွားသောအခါ Manny ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းကာလေလည်အပြင်းအထန်လည်နေသောကြောင့်ပင်လယ်ထဲသို့သူလာရာအတိုင်းပြန်လွှတ်ခဲ့ရသည်။ဒီဇာတ်ကားထဲရှိစတန့်ခန်းအချို့ကို Daniel ကလူစားမထိုးပဲသူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်။စိတ်ကူးယဉ်စိတ္တဇဆန်ဆန်ဇာတ်လမ်းများကိုကြိုက်သူများအဖို့ကတော့လုံးဝအကြိုက်တွေ့စေမည့်ရုပ်ရှင်ဇာတ်ကားပဲဖြစ်သည်။

Review Credit to-Sasha Entertainment
Translate by: Cho Thinzar Soe
Encode by: Invoker
Quality 720P HDTV




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Mournng Grave (2014) မြန်မာစာတန်းထိုး

Mournng Grave (2014) မြန်မာစာတန်းထိုး

Asian Thriller တွေ မှ ကြိုက်နှစ်သက်တဲ့ GC ပရိသတ်ကြီးအတွက် ဒီတစ်ခါ
ရွေးချယ်တင်ဆက်ပေးလိုက်တာက ...Mourning Grave ဆိုတဲ့ korea  thriller ကားလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်... ဇါတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ တော့  ကြက်သီးတောင် ထချင်ချင်ရယ် Imdb 6.0 ဆိုတော့ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ကားကောင်းလေးတစ်ကားဖြစ်မှာ ကျိန်းသေမလွဲပါဘူး...
 ဇါတ်လမ်းအကျဉ်းအနေနဲ့ .. အင်ဆူး ဆိုတဲ့ တစ္ဆေသရဲတွေကို မြင်နိုင်စွမ်း ကူညီနိုင်စွမ်းရှိတဲ့ ဆယ်ကျော်သက် ကျောင်းသားလေးတစ်ယောက်. မြင်ရတဲ့အပြင် သူ့မှာ အဲ့ဒီပရလောကသားတွေကိုလဲ ကူညီပေးနေရတဲ့ ဒုက္ခ သူ့အတွက်ခက်နေတာက သူကူညီလေ.. သူ့အနားကို ပရလောကသားတွေက ၀ိုင်းလေဆိုတော့ သူ့ခမျာ စိတ်အိုက်ရပါတယ်.. သူ့ရဲ့ဦးလေးဖြစ်သူက တော့ ဥပက္ခာပြုထားလိုက်ရင် ပျောက်သွားမယ်လို့ အကြံပေးပေမယ့်လဲ သူ့အဖြစ်က ပိုလို့သာ ဆိုးရွားလို့လာပါတယ် အဲဒီလို သူ့ဘ၀ထဲကို နောက်ထပ်ချဉ်းနင်းဝင်ရောက်လာတာက ကျောင်းသူတစ္ဆေမလေးတစ်ယောက်၊ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် သူ့အနားမှာ တွယ်ကပ်နေရင်းက သူနဲ့သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်
.. တပြိုင်တည်းမှာပဲ
သူတို့ စာသင်ခန်းထဲမှာ မျက်နှာဖုံးတပ် ပရလောကသားတစ်ယောက်
ပေါ်လာပြီးတဲ့အခါ..........
အတန်းထဲက ခပ်ဆိုးဆိုးကျောင်းသူတစ်ယောက် ကျောင်းသားတစ်ယောက် ပျောက်ဆုံးသွားရာကအစ.... အင်ဆူးဟာ အဲဒီ မျက်နှာဖုံးတပ်တစ္ဆေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်ဖို့ ဘယ်လိုကြိုးစားမလဲ ဘာကြောင့် သူက လူတွေကို ဒုက္ခပေးနေရသလဲ သူ့ရဲ့ အမျက်ဒေါသကဘာလဲဆိုတာ ဘယ်လို အဖြေရှာမလဲ... တစ်ဖက်က သူ့ရဲ့ ဘ၀ခြားနေတဲ့ သူငယ်ချင်းကျောင်းသူတစ္ဆေမလေးကိုရော သူ ဘာတွေ လုပ်ပေးမှာလဲ ဆိုတာ ....  download လေးဆွဲပြီး ဆက်လက် ကြည့်ရှုနိုင်ကြပါပြီ
Thriller အရသာလဲ မပျက် အချစ် အလွမ်း ဟာသလေး တွေနဲ့ ကြည့်ချင်စဖွယ်ဖြစ်နေသလို.. ကျောင်းသားလူငယ်တွေကြားထဲမှာ ဖြစ်တတ်တဲ့ အနိုင်ကျင့်တာ..၊ ဗိုလ်ကျတတ်တဲ့သဘာဝလေးတွေလဲ ဒီဇါတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်... အခြားသော korea thriller ဇါတ်ကားများနဲ့ ကွဲပြားခြားနားတယ်
ခပ်ပေါပေါသရဲဟာသကား မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ Gold Channel မှ ရဲရဲ ကြီး အာမခံလိုက်ပါတယ်...

Review & Encode by: Hein Min Htet
Translate by: Dan Dy




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Friend Request (2016) မြန်မာစာတန်းထိုး



ဇာတ်လမ်းကိုအကြောင်းအရာက ဆိုရှယ်မီဒီယာတွေကြားမှာ မွေ့လျော်တဲ့ ယနေ့ခေတ်ကာလနဲ့ အံကိုက်ရိုက်ကူးထားတဲ့ ဂျာမန်သည်းထိတ်ရင်ဖိုသရဲကားပါ။

လော်ရာဟာ ကောလိပ်မှာ ရေပန်းအစားဆုံး မိန်းကလေး တစ်ယောက်ဖြစ်ပြီး သူ့ဘ၀သူ ကျေနပ်နေသူတစ်ယောက်ပါ။ လူမှုကွန်ရက် အသုံးများတဲ့ ဆယ်ကျော်သက်ဖြစ်တဲ့ အားလျော်စွာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ထဲက သူငယ်ချင်း ၈၀၀ ကျော်ကြားမှာသူ့ပုံတွေတင်၊ အကြောင်းအရာတွေ ရှယ်လ်လုပ်လေ့ ရှိပါတယ်။ တစ်ရက်မှာတော့ လော်ရာဟာ မရီနာဆိုတဲ့ မိန်းကလေးတစ် ယောက်ဆီက Friend Request တစ်ခုရခဲ့ပါတယ်။ မရီနာနဲ့ သိပ်မရင်းနှီးပေမယ့်လည်း Request ကို လက်ခံခဲ့ပါတယ်။ အဲဒီနောက်လော်ရာဟာ အဲဒီအကောင့်ကို Unfriend လုပ်ခဲ့ပြီးနောက်မှာတော့ မကောင်းတဲ့ ကျိန်စာမိပြီး သူ့ဘ၀တစ်ခုလုံး ပြောင်းလဲသွားခဲ့ပါတော့တယ်။

အဲဒီထူးဆန်းတဲ့ မိန်းကလေး ဟာ ၀ိညာဉ်ဖြစ်တာကြောင့် လော် ရာက Unfriend လုပ်တာကို မကျေမနပ်ဖြစ်ပြီး လော်ရာရဲ့ အ ရင်းနှီးဆုံးသူငယ်ချင်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး လော်ရာကို အထီးကျန်ဖြစ်စေခဲ့ ပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ် ပြဿနာကို ဖြေရှင်းဖို့ဆိုတာ လည်း ရက်ပိုင်းပဲကျန်တဲ့အနေအ ထားဖြစ်နေပါတယ်။

ထူးဆန်းတဲ့ မိန်းကလေးက ဘယ်သူလဲ၊ ဘာကြောင့်လော် ရာကို ပစ်မှတ်ထားကျိန်စာတိုက် ပြီး သူ့သူငယ်ချင်းတွေကို သတ် ဖြတ်ရတာလဲ။ ဒီပြဿနာကို လော်ရာ ဖြေရှင်းနိုင်ပါ့မလားဆို တာ အသည်းတထိတ်ထိတ်နဲ့ပဲ ဆက်ကြည့်လိုက်ကြဦးနော်။

ဒီဇာတ်ကားက လူမှုကွန် ရက်တွေက အမြဲတမ်းကောင်း ကျိုးမပေးဘူးဆိုတာ သင်ခန်းစာ ပေးသလို ကိုယ်က ဆိုရှယ်မီဒီယာ တွေရဲ့ အသုံးချခံမဖြစ်ဖို့လည်း သတိထားမိစေတဲ့ ဇာတ်ကား လေးပါ။

 ဇာတ်လမ်းမှာ မင်းသမီး အလီရှာဒက်ဘ်နမ်ကယ်ရီက လော်ရာနေရာက အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

Review Credit to-7day Daily
Translate & Encode bY: Eric Mink Khant




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

World War Z (2013) (မြန်မာစာတန်းထိုး)


World War Z (2013) (မြန်မာစာတန်းထိုး)

ကုလသမဂ္ဂ ဝန်ထမ်းဟောင်း Gerry Lane ဟာ Philadelphia က လူနေထူထပ်တဲ့ အရပ်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ မမျှော်လင့်ပဲ Radio သတင်းတစ်ခုမှာ Zombie တွေက လူတွေကို လိုက်လံ တိုက်ခိုက်နေပြီး သူတို့အကိုက်ခံရသူတွေဟာလည်း Zombie တွေ ဖြစ်ကုန်ကြောင်း ကြားသိလိုက်ရပါတယ်။ Lane နဲ့ မိသားစုဟာ ဒီ Zombie တွေ တိုက်ခိုက်တာ မခံရခင်လေးတင်ပဲ တိုက်ခေါင်မိုးတစ်ခုပေါ်ကို တက်ပြေးခဲ့ကြပြီး Lane ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Thierry Umutoni က စေလွှတ်လိုက်တဲ့ ရဟတ်ယာဉ်နဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နယူးယောက်မြို့ကမ်းခြေရှိ သင်္ဘောတစ်စီးပေါ်တွင် စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပညာရှင်တွေ စုရုံးပြီး ဒီပြဿာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြပါတယ်။ ဇီဝပညာရှင် ဒေါက်တာ Andrew Fassbach က ဒီပြဿနာဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပြီး ဘယ်ကစ ဖြစ်လာတယ်ဆိုတာ သိနိုင်ရင် ရောဂါကာကွယ်ဆေး ထုတ်နိုင်မှာ ဖြစ်တယ်လို့ တင်ပြပါတယ်။ ရေတပ်ဗိုလ်ချုပ်က ဒီကိစ္စမှာ Fassbach ကို ကူညီဖို့ အရင်က ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ယူဖူးတဲ့ Lane ကို အကူအညီ တောင်းပါတယ်။ သူ့မိသားစုကို ကယ်တင်ရတဲ့ တာဝန်ကတစ်ဖက် ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်နိုင်မယ့် ဖြေဆေးကိုရှာဖွေရတဲ့ တာဝန်ကတစ်ဖက်ဖြင့် တာဝန်နှစ်ခုကို ထမ်းပိုးထားရတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားမှု့များနှင့် ကမ္ဘာပျက်ကိန်းတွင် အသက်ရှင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးပန်းကြရတဲ့ လူသားတွေရဲ့ အဖြစ်တွေကို သည်းထိတ်ရင်ဖိုတွေ့မြင်ကြရမှာပါ.။

----------------------------------------

စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကို ဒါရိုက်တာ Marc Forster ရိုက်ကူးတဲ့ World War Z ဇာတ်ကားဟာ Resident Evil လိုပဲ ကူးစက်တတ်တဲ့ ဖုတ်ကောင်ဇာတ်အိမ်ကို အခြေတည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Brad Pitt ၊ Mireille Enos ၊ Fana Mokoena ၊ Daniella Kertesz ၊ James Badge Dale ၊ David Morse ၊ Ludi Boeken နဲ့ Matthew Fox တို့ ပါဝင်သရုပ်ဆောင်ထားပြီး IMDB Rating 7.4 ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Rotten Tomatoes မှာတော့ Tomatometer 6.8 ရရှိထားပြီး သွက်လက်တဲ့ ဇာတ်အိမ်နဲ့ ရိုက်ချက်ကောင်းတွေကြောင့် လူကြိုက်များပါတယ်။


Review Credit to-မြ၀တီ
Translate by: Pulick
Encode by: Eric Min Khant


Watch & Download Here HD 

Small File Download 

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

နာနာဘာဝကျိန်စာ (သို့မဟုတ်) The Parallel (2014) မြန်မာစာတန်းထိုး


    (GC ပရိတ်သတ်ကြီးအတွက် ထိုင်းသရဲကားကောင်းကောင်းလေးတစ်ကားကို ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်.။ ကြောက်ရွံထိတ်လန့်ဖွယ်ရာ အဘယရသကို တလှည့်ခံစားကြည့်လှည့်ကြပါဦး..) 
  
မိခင်ဖြစ်သူ ရက်ရက်စက်စက်အသတ်ဖြတ်ခံရမှု့မှာ ကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခဲ့ရရှာတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်.။မိဘမဲ့ကလေးကျောင်းကိုရောက်သွားရှာတဲ့ ကလေးမလေးဟာ ကလေးအသိုင်းအ၀ိုင်းနဲ့ သဟဇာတမဖြစ်ပဲနဲ့ တစ်ယောက်တည်းပတ်ဝန်းကျင်နဲ့ ကင်းကွာနေသူပါ.။ သူ့ရဲ့ တစ်ယောက်တည်းနေတဲ့ ပုံစံကို သိပ်သဘောမကျတဲ့ကလေးအချို့က ကလေးမလေးအပေါ်ကို တိုက်ခိုက်အနိုင်ကျင့်တဲ့အခါမှာတော့ သရဲမကြိးတစ်ကောင်ပေါ်လာပြီး ကာကွယ်ပေးတတ်ပါတယ်.။ လူတွေအများအမြင်မှာတော့ သူ့မိခင်သရဲမကြီးက ကာကွယ်ပေးတယ်ပေါ့..။ ဒါပေမယ့် ပြဿနာက ဒီလောက်မရိုးရှင်ပါပဲနဲ့ သရဲမကြီးဟာ ကလေးမလေးကို အကာအကွယ်ပေးနေတာမဟုတ်ပဲ အင်မတန်ဆိုးရွားလှတဲ့ ကျိန်စာအရ ကလေးမလေးမှာတွယ်ကပ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ .. ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အံသြဖွယ်ရာအပြည့်နဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တည်လာပါတော့တယ်.........။

Translate by: Phoo Phoo
Encode by: Eric Min Khant
Quality 720P HD





အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Scooby-Doo! And WWE: Curse of the Speed Demo


စကူဘီ ဒူး ချစ်သူများအတွက် ၂၀၁၆ ထွက် အသစ်ကို တင်ပေးထားပါတယ်။ IMDb 5.8 နဲ့ပါ။ စကူဘီ ဒူး အဖွဲကို WWE ကာရိုက်တာ Undertaker, Triple H တို့ နဲ့ တွဲဖက်ပေးထားပြီး လျို့ဝှက်ဆန်းကြယ် အမှုတစ်ခုကို ဖြေရှင်းကြတဲ့ အကြောင်းပါ။ အားပေးကြပါဦး။
File size…(750MB)
Quality…BR-Rip 720p
Format…mp4
Duration….01:20:56
Subtitle….Myanmar Subtitle (Hardsub)

Encoder….Thanhtike Zaw
အဆင်ပြေကြပါစေဗျာ


How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Independence Day: Resurgence (2016) မြန်မာစာတန်းထိုး HDTS Version

-Independence Day: Resurgence (2016) မြန်မာစာတန်းထိုး HDTS Version

 Independence Day ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ် ကားလေးဖြစ်ပါတယ်..။၁၉၉၆ က ထွက်ရှိခဲ့ တဲ့ Independence Day ဇာတ် ကားရဲ့အဆက်အဖြစ် ၂၀ ရာစု မြေခွေး ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာ ဖြစ်ပါတယ်။ ရန်ကုန်က ရုပ်ရှင်ရုံတွေမှာ ဇူလိုင် ၁ ရက်ကစပြီး ပြသတော့မှာ ဖြစ် ပါတယ်။
ပထမဇာတ်လမ်းရဲ့ အဖြစ် အပျက်တွေပြီးနောက် နှစ် ၂၀ ကြာတဲ့အခါမှာ အရာရာတိုင်းကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ကုလ သမဂ္ဂကလည်း ကမ္ဘာကြီးကို အ ကာအကွယ်ပေးနိုင်ဖို့ အာကာသ ကာကွယ်ရေးစနစ် (Earth Spa-ce Defense) ကို လုပ်ဆောင်ခဲ့ပါတယ်။ အဓိကကတော့ ကမ္ဘာပေါ် ကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုဟ်သားတွေရန်က ကာကွယ် ပေးနိုင်ဖို့အတွက် အဆင့်မြင့်ယာဉ် တွေ၊ နည်းပညာမြင့် လက်နက် တွေ ပြင်ဆင်ထားပြီး လကမ္ဘာ၊ အင်္ဂါဂြိုဟ်တို့မှာလည်း တပ်အင် အားတွေ ပြင်ဆင်ထားကာ Area 51 ဆိုတဲ့နေရာကိုတော့ အာကာ သကာကွယ်ရေးစနစ်ဌာနချုပ်အ ဖြစ် သတ်မှတ်ထားတာပါ။
ကမ္ဘာကြီးဟာ အာကာသက လာတဲ့ အန္တရာယ်တွေကာကွယ် ဖို့အတွက် သတိကြီးကြီးထားပြီး ပြင်ဆင်ထားပေမယ့် အလစ်အ ငိုက်မိပြန်ပါတော့တယ်။ ဂြိုဟ် သားတွေ အမြစ်ပြတ်တိုက် ထုတ် နိုင်မယ့် နည်းလမ်းကို မတွေ့ သေးတဲ့နောက် ဂြိုလ်သားတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ အရင်တစ် ခါလိုပဲ ဒုက္ခအန္တရာယ်တွေ ရင်ဆိုင် ရပါတော့တယ်။
အထူးပြုလုပ်ချက်တွေ အ များကြီးနဲ့မို့ တချို့ပရိသတ်တွေအ တွက်တော့ မျက်စိနောက်စရာလို့ ထင်နိုင်စရာရှိပေမယ့် သိပ္ပံဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ခေတ် လွန်အပြင်အဆင်တွေနဲ့မို့ ကြည့် လို့အဆင်ပြေမယ် ထင်ပါတယ်။
ကမ္ဘာဖျက် အန္တရာယ်တွေ ဖြစ်လာတဲ့နောက် သေကျေပျက်စီးမှုတွေကြားက လွတ်လပ်မှုကို ပြန်ရဖို့ တိုက်ပွဲဝင်သူတချို့ ပေါ်ထွက်လာတဲ့အခါမှာ ဂြိုဟ်သားတွေကို ကမ္ဘာမြေပေါ်ကနေ ဘယ်လိုတိုက် ထုတ်ဖယ်ရှားမှာလဲဆိုတာ စိတ် လှုပ်ရှားရင်း ဆက်ကြည့်ဖို့ ညွှန် ပေးလိုက်ပါ တယ်။
 ဒီဇာတ်ကားမှာ လီယမ်ဟမ်း စ်ဝေါ့သ်၊ ဂျက်ဖ်ဂိုးလ်ဘလမ်၊ ဂျက်စီအက်ရှာစတဲ့ သရုပ်ဆောင် တွေ ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားနဲ့  ပတ်သက်ပြီး  မကောင်းတဲ့ဝေဖန်မှုတွေ ရှိပေမယ့် ရုံတင်ပြသမှုက အမေရိကန် ဒေါ်လာ ၁၄၃ သန်းကျော် ၀င်ငွေရရှိခဲ့တာမို့ ကိုယ်တိုင်ဝေဖန် အကဲဖြတ်လိုက်ပါဦးလို့။          ။

HD ဖြစ်ဖို့တော့ စောင့်ဖို့လိုပါဦးမယ် .။ လောလောဆယ်ရနိုင်သမျှ HDTS ကွာလတီကို GC ပရိတ်သတ်လက်ထဲ ဦးစွာတင်ဆက်ပေးလိုက်ရပါတယ်.။ HD အမှန်နဲ့ ခံစားလိုသူများအတွက် ခတ္တအောင့်အီးထားကြပါဦးလို့ စကားဦးသမ်းချင်ပါတယ်.။
Translate by: Scarlet Phoenix
Encode by: Invoker 


အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Sharkboy and Lavagirl (2005) မြန်မာစာတန်းထိုး



Admin နုစဉ်အခါက အရမ်းကိုကြိုက်ခဲ့တဲ့ ကားလေးပေါ့. အခုထိလိုက်ကြိုက်နေဆဲပါပဲ.Rating အနည်းငယ်ရခဲ့ပေမဲ့လဲ ကြည့်လို့ကောင်းဆဲကားလေးပါ.. ဒီကားလေးက ကောင်လေးတစ်ယောက် အိမ်မက် မက်နေတာလား တကယ်ဖြစ်နေတာလား ဝေခွဲမရဖြစ်စေတဲ့ကားလေးပါ.ကျောင်းမှာအနိုင်ကျင့်ခံရတဲ့ကောင်လေးတစ်ယောက်က သူဖြစ်ချင်တာတွေကို စာအုပ်လေးတစ်အုပ်မှာချရေးထားပါတယ်. သူကျောင်းပြန်တတ်တော့အတန်းကိုဖတ်ပြတဲ့အခါမှာဘယ်သူမှ မယုံကြပါဘူး. ဒါပေမယ့် နောက်တစ်နေ့အိပ်ခါနီးမှာ သူဆုတောင်းလိုက်တော့ ဘယ်လိုတွေဖြစ်လာတယ် ဘာတွေဖြစ်မယ်ဆိုတာကို စောင့်ကြည့်ကြပါစို့...

3.5/10 IMDb
20% Rotten Tomato
Quality : 720P Bluray
Translated by : Ei Ei Aung
Encoded by : Invoker




အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

House Full 3 (2016) မြန်မာစာတန်းထိုး


IMDB 5.6 ရထား​ပေးမယ့်​ တကယ်​​ကောင်းတဲ့ ဇာတ်​ကား​လေးပါ... လူကြိုက်​​တော်​​တော်​များတဲ့ ဇာတ်​ကား​လေးလဲဖြစ်​ပါတယ်​.... ဟာသကို အဓိကဦးစား​ပေး ရိုက်​ကူးထားတဲ့ ဇာတ်​ကား​လေးလဲ ဖြစ်​ပါတယ်​.....နာမည်​ကြီးသရုပ်​​ဆောင်​ ရုပ်​ရှင်​ မင်းသားနှင့်​ မင်းသမီး​တွေနဲ့ ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​...ပ​ထွေးဖြစ်​သူက သူ့ရဲ့သမီးဖြစ်​သူ​တွေကို လက်​မထပ်​​ပေးချင်​ခဲ့ဘူး...​စည်းစိမ်​ကိုမတ်​ခဲ့တဲ့ ကောင်​​လေးသုံး​ယောက်​ရဲ့ကြိုးစားမှု​ကြောင့်​ အ​ဖေအရင်းဖြစ်​သူ​နှင့်​ အ​ဖြေမှန်​ကို ရှာ​တွေ့နိုင်​ခဲ့တယ်​....ဖ​ထွေးကဘာလို့လက်​မထပ်​​ပေးချင်​တာလဲ.... အ​ဖေအရင်းဘာဖြစ်​လို့ သူ့သမီး​တွေကိုဆွန့်​ပစ်​ခဲ့လဲဆိုတာကို ဆက်​လက်​ရှုစားကြပါဦးခင်​ဗျား... ​ကျေးဇူးတင်​ပါတယ်

Translated by : Paing Soe Hein
Encoded by : Invoker
Quality : HDCAM version



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Tactical Force (2011) မြန်မာစာတန်းထိုး

2011 ခုနှစ်​ရဲ့ အ​ရောင်းရဆုံး top 10 DVD စာရင်းထဲပါခဲ့တဲ့ ဒီဇာတ်​ကားမှာ ​လော့စ်​အိန်​ဂျယ်​လိစ်​ရဲတပ်​ဖွဲ့တစ်​ဖွဲ့ရဲ့ နည်း​ဗျူဟာကျွမ်းကျင်​မှု​တွေ၊ အသက်​လုရုန်းကန်​လှုပ်​ရှားရပုံ​တွေကို ခံစားကြရမှာပါ။ ​လေ့ကျင့်​​ရေးဆင်း​​နေတဲ့ ရဲတပ်​ဖွဲ့ အဖွဲ့သားတစ်​စုဟာ သူတို့​လေ့ကျင့်​​နေတဲ့​နေရာမှာပဲ လူဆိုးဂို​ဏ်းနှစ်​ခုနဲ့ ရင်​ဆိုင်​မိပါတယ်​။ ​လေ့ကျင့်​​ရေးသက်​သက်​သာဖြစ်​တာ​ကြောင့်​ လက်​နက်​​တွေကလည်း မစုံလင်​တဲ့အပြင်​ ရန်​သူလူဆိုးနှစ်​ဖွဲ့က​တော့ အင်​အားအပြည့်​သုံးပြီး​ရောက်​လာကြတဲ့အခါ ရဲတပ်​ဖွဲ့ဝင်​​တွေရှိ​နေတာကိုသိရှိသွားပြီးတဲ့​နောက်​ ဘယ်​လိုရင်​ဆိုင်​​တွေ့ကြမလဲဆိုတာ ရင်​ဖိုစိတ်​လှုပ်​ရှားဖွယ်​မြင်​​တွေ့ကြရမှာပါ။ ဒီဇာတ်​ကားထဲမှာ ရဲတပ်​ဖွဲ့ရဲ့ နည်းစနစ်​​ကောင်း​တွေ၊ ​သေနင်္ဂ​ဗျူဟာ​တွေနဲ့ စွန့်​လွှတ်​စွန့်​စားပုံ​တွေကို Rating R အဆင့်​ ကြမ်းကြမ်းတမ်းတမ်းပစ်​ခတ်​တိုက်​ခိုက်​ခန်း​တွေနဲ့ ခံစားရမှာမို့ ဒီ​နေ့ည​နေခင်း​လေးမှာ Tactical Force နဲ့ အနားယူလိုက်​ကြရ​အောင်​ပါ
Review by : Scarlet Phoenix
Translated by : Alice
Encoded by : Invoker
Quality : 720P Bluray



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။

Prince of persia (2010) မြန်မာစာတန်းထိုး




လူတိုင်းသိကြမယ့်​ source code, night crawler ဇာတ်​ကား​တွေနဲ့ နာမည်​ကြီးခဲ့တဲ့ Jake Gyllenhaal ရဲ့ အရမ်း​အောင်​မြင်​ပြီး မှတ်​တိုင်​တစ်​ခုစိုက်​ထူနိုင်​ခဲ့တဲ့ Prince of Persia ဇာတ်​ကားဟာ ၂၀၁၀ခုနှစ်​ကထွက်​ရှိခဲ့ပြီး ဇာတ်​လမ်း​အောင်​မြင်​မှုရဲ့​​နောက်​မှာ ဂိမ်း​တွေပါ တသီတတန်းကြီးထွက်​လာတဲ့အထိ လူကြိုက်​များခဲ့တဲ့ ဇာတ်​ကားပါ။ တိုက်​ရည်​ခိုက်​ရည်​ကျွမ်းကျင်​လှတဲ့ Dastan တစ်​​ယောက်​ သူ့ရဲ့ရိုးသားမှု ကြိုးစားမှုနဲ့ လုပ်​ရည်​ကိုင်​ရည်​တို့​ကြောင့်​ ချုံကြားက ဘုံဖျား​ရောက်​ရှိလာပုံ၊ မင်းသမီး​လေးကိုသာမက တိုင်းပြည်​ကိုပါ ကယ်​တင်​ရင်း အထွတ်​အထိပ်​​ရောက်​လာပုံကို မြင်​​တွေ့ရမှာပါ။ အ​ရှေ့အလယ်​ပိုင်း​ဒေသရဲ့ ​နေထိုင်​စား​သောက်​ပုံ​တွေ၊ ယဉ်​​ကျေးမှု ရိုးရာဓ​လေ့၊ ရှုခင်း​တွေနဲ့အတူ တခြား​ဟောလိဝုဒ်​ကား​တွေထက်​ထူးခြားတဲ့ ဇာတ်​လမ်းအခင်းအကျင်း​ကြောင့်​ ဒီဇာတ်​ကား​လေးဟာ အဆမတန်​​အောင်​မြင်​ခဲ့တာဖြစ်​ပါတယ်​။ ပါရှားရိုးရာ လက်​နက်​​တွေ၊ တိုက်​ကွက်​​တွေနဲ့ Prince of persia ဇာတ်​ကားကို​တော့ စထွက်​လာကတည်းက လူတိုင်းသိခဲ့ကြမှာအမှန်​ပါ။ ပြန်​ကြည့်​ချင်​သူ​တွေ​ရော မကြည့်​ရ​သေးသူ​တွေအတွက်​ပါ စိတ်​​ကျေနပ်​မှုအပြည့်​အဝရ​စေမယ့်​ ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​​ကြောင်း အာမခံလိုက်​ပါတယ်​။


Reviewed by : Scarlet Phoenix
Translated by : SS
Encoded by : Invoker



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site များမှမျှဝေခြင်းဖြစ်ပါသည်။